ဆင်ကို အရေခွံခွာဖို့ လိုက်လံ သတ်ဖြတ်ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် အစီအစဉ်တွေကို ဒေသတချို့မှာ ပြုလုပ်နေကြပါတယ်။
ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်မှာလည်း စနေနေ့က ဆင်တွေကို အကာအကွယ်ပေးရေး အစီအစဉ် ပြုလုပ်ရာမှာ ဆင်ထိန်းသိမ်းရခြင်း အကြောင်းအရာ ၊ ဆင်နဲ့လူများကြား ပြဿနာ ၊ တောဆင်ရိုင်းများရဲ့ လတ်တလော အခြေအနေ၊ ဆင်ကျန်းမာရေး၊ ဆင်တွေကပေးတဲ့ ကောင်းကျိုးတွေအကြောင်း ဟောပြောပါတယ်။
နိုင်ငံတကာမှာလည်း တောဆင်တွေ အလွန်အကျွံ အမဲလိုက်ခံနေရတာကြောင့် ဆင်ကောင်ရေထိန်းသိမ်းရေး ရည်ရွယ်ပြီး နှစ်စဉ် သြဂုတ် ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။







