အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီပလိုမာပေးမည့် စာနယ်ဇင်းသင်တန်း ရန်ကုန်တွင် ထပ်ဖွင့်မည်

ရန်ကုန် – မာလ်တီမီဒီယာ သတင်းစာပညာဒီပလိုမာဘွဲ့ ပေးမည့် ၁၁ လ ကြာ သင်တန်းကို စက်တင်ဘာလလယ်ပိုင်းတွင် စတင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စာနယ်ဇင်းသင်တန်းကျောင်းတစ်ခုက သြဂုတ် ၁၆ ရက်နေ့တွင် ပြောသည်။

စမ်းချောင်းမြို့နယ်တွင် တည်ရှိသည့် မြန်မာသတင်းပညာသိပ္ပံက ဖွင့်လှစ်မည့် သင်တန်းကာလအတွင်း အခြေခံသတင်းစာပညာ၊ ရေဒီယို နှင့် ရုပ်သံသတင်း ပေးပို့ခြင်း၊ သတင်းဓာတ်ပုံ၊ ဒစ်ဂျစ်တယ်မီဒီယာ၊ စာနယ်ဇင်းကျင့်ဝတ်၊ မီဒီယာဥပဒေ၊ သတင်းသရုပ်ဖော်ဆောင်းပါး၊ သဘာဝပတ်ဝန်းကျင်၊ အလုပ်လျှောက်လွှာ ရေးသားခြင်း စသည့် အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ သင်ယူနိုင်မည်ဟု ဆိုသည်။

သတင်းတိုက်များတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်း၊ ရက်ရှည် ခရီးထွက် သတင်းလိုက်ခြင်း စသည့် အစီအစဉ်များလည်း ပါဝင်သည်ဟု သိရသည်။

သင်တန်းတက်ရန် လျှောက်ထားသူများထဲမှ အမျိုးသမီး၊ တိုင်းရင်းသားလူမျိုး၊ မသန်စွမ်းသူတို့ကို အလေးပေး စဉ်းစားရွေးချယ်မည်၊ ရန်ကုန်ပြင်ပမှ လာရောက်မည့်သူတို့ နေထိုင်ရန် အဆောင်များ စီစဉ်ပေးသွားမည်ဟု မြန်မာသတင်းပညာသိပ္ပံ၏ အမှုဆောင်ဒါရိုက်တာ ဦးသီဟစောက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
ရန်ကုန်၊ စမ်းချောင်းမြို့နယ်တွင် တည်ရှိသည့် မြန်မာသတင်းပညာသိပ္ပံ၏ သင်တန်းခန်းမတစ်ခု (ဓာတ်ပုံ – ပြည့်ပြည် / Myanmar Now)

ရန်ကုန် တက်ရောက်သူ ဦးရေ ၂ဝ၊ တစ်ဦးလျှင် သင်တန်းကြေး သိန်း ၂ဝ သတ်မှတ်ထားကြောင်း၊ သင်တန်းကြေးကို အရစ်ကျ ပေးသွင်းနိုင်ကြောင်း သိရသည်။

ပညာသင်ထောက်ပံ့ကြေး ၁၅ သိန်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။

ယခုကဲ့သို့သော သင်တန်းမျိုးကို မြန်မာသတင်းပညာသိပ္ပံက နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ရာ ပြည်တွင်းပြည်ပ သင်တန်းနည်းပြများက သင်ကြားလေ့ကျင့်ပေးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button