အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အိမ်အကူကို မနှိပ်စက်ခဲ့ကြောင်း အင်းဝမိသားစုဝင်တစ်ဦး တရားရုံးတွင်ထွက်ဆို

ကလေးအလုပ်သမား ၂ ဦး ကာလကြာရှည်စွာ အပြင်းအထန် နှိပ်စက်ခံရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုကို သြဂုတ် ၁ ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးရာ အပ်ချုပ်ဆိုင် မိသားစုဝင်တစ်ဦးဖြစ်သည့် ဒေါ်စုမွန်လတ်က အိမ်အကူ မစန်းကေခိုင်ကို နှိပ်စက်ခြင်း မပြုလုပ်ခဲ့ကြောင်း ထွက်ဆိုလိုက်သည်။

ရန်ကုန်တစ်ဖက်ကမ်း ကော့မှူးမြို့နယ်မှ ကလေးအလုပ်သမားများတွင် တွေ့ရသည့် ဒဏ်ရာတို့မှာ လုပ်ငန်းခွင်သို့ မရောက်မီကပင် ရရှိထားပြီးဖြစ်သည့် ဒဏ်ရာများဖြစ်သည်ဟု သူက ထွက်ဆိုသည်။

ရန်ကုန်၊ ကျောက်တံတားမြို့နယ် လမ်း ၄ဝ ရှိ အပ်ချုပ်ဆိုင်တွင် မစန်းကေခိုင် ၅ နှစ်ကြာ လုပ်ကိုင်စဉ် ပိတ်လှောင်ထားခြင်းမရှိသလို ရိုက်နှက်နှိပ်စက်ခြင်းလည်း မပြုလုပ်ခဲ့ဟု သူက ဆိုသည်။

လုပ်ခလစာများကို မိဘအုပ်ထိန်းသူတို့က လာရောက် ထုတ်ယူလေ့ရှိသည်ဟု သူက စစ်ဆေးချိန် ၄ နာရီနီးပါးခန့်ကြာမြင့်သည့် တရားခွင်တွင် ထွက်ချက်ပေးသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါ်စုမွန်လတ်က သူနှင့် မစန်းကေခိုင် တွဲလျက် ရိုက်ထားသည့် ဓာတ်ပုံအများအပြားကို သက်သေခံပစ္စည်းအဖြစ် တရားရုံးသို့ တင်သွင်းခဲ့သည်။

တရားသူကြီး နှစ်ယောက် ပြောင်းလဲ စစ်ဆေးခဲ့သည့် ဤအမှုကို ယမန်နှစ်က စတင်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ၆ ဦးသည် အိမ်အကူမိန်းကလေးနှစ်ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့ကို ကာလကြာရှည် ပိတ်လှောင်ထားခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်း၊ လုပ်ခလစာ အပြည့်အဝမပေးခြင်း စသည့် စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။

အမှုမှာ ၁ဝ လ အတွင်း ရုံးချိန်းပေါင်း ၅ဝ ကျော်လာပြီဖြစ်သည်။ အမှုကို ပြန်လည် ကြားနာသည့် သြဂုတ် ၃ ရက်နေ့တွင် စွပ်စွဲခံရသူများထဲမှ တစ်ဦးကို စစ်ဆေးသွားမည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button