အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ပွဲများရပ်တန့်ရေး ဦးဆောင်ဆန္ဒသူများအား ရဲတပ်ဖွဲ့ကဖမ်းဆီး

ရန်ကုန်မြို.၊ တာမွေမြို.နယ်တွင် လူအင်အားရာချီ၍ စစ်ဖြစ်ပွားနေမှုများ ရပ်တန့်ရန် ယနေ့ညနေ ၅ နာရီမှစ၍ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ပြသမှုကို ရဲတပ်ဖွဲ.က ခွင့်မပြုဘဲ ဦးဆောင်ဆန္ဒပြသူများကို ဖမ်းဆီးခဲ့သည်။

ဆန္ဒဖော်ထုတ်သူ ၂၀၀ ဝန်းကျင်ခန့်ရှိသည့်အဖွဲ့က ယနေ့ညနေ ၄ နာရီတွင် တာမွေမြို.နယ် Ocean Center ရှေ့မှစ၍ ဆူးလေဘုရားထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်သည့်အဖွဲ့များ မရောက်မီကပင် ရဲကားများစွာနှင့် ရဲအင်အား ၅၀၀ ခန့်က ကြိုတင်ရောက်ရှိနေခဲ့သည်။ စတင်ဆန္ဒဖော်ထုတ်သည်နှင့် ရဲတပ်ဖွဲ့က တားဆီးပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး ဦးဆောင်ဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူအနည်းဆုံး ၁၀ ဦးခန့်ရှိပြီး ၎င်းတို့အနက် အဓမ္မတိုက်ဖျက်ရေးအဖွဲ.ခေါင်းဆောင် ကိုမြတ်ကျော်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များဖြစ်သော ကိုဇေယျာလွင်၊ ကိုတင်ထွဋ်ပိုင်နှင့် ကိုဖိုးစိုးတို့ပါဝင်သည်။

ကိုဇေယျာလွင်အား ရဲတပ်ဖွဲ.များက နံပါတ်တုတ်ဖြင့် ကျောကိုရိုက်နှက်နေသည်ကို အခင်းဖြစ်ရာတွင်ရောက်ရှိနေခဲ့သည် Myanmar Now သတင်းထောက်တစ်ဦးက မြင်တွေ.ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် ညနေ ၆ နာရီခန့်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူတို့အကြား ညှိနှိုင်းပြီး ဆန္ဒပြသူများ လူစုခွဲသွားသလို ရဲတပ်ဖွဲ့ဝင်များလည်း ဆုတ်ခွာသွားသည်ဟုသိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button