အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တိုင်းအစိုးရကို လွှတ်တော်က တွန်းအားပေးသော်လည်း တွန်းသလောက်မရွေ့ဟု ဝေဖန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရကို လွှတ်တော်ကိုယ်စားလှယ်များက တွန်းအားပေးရသည်မှာ မရွေ့ ခြင်းကြောင့်ဖြစ်ပြီး တွန်းအားပေးပင်ပေးသော်လည်း အရွေ့ရှိပါ့မလားဟူ၍ စိုးရိမ်ရသည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေချိုးဖောက်ပြီး တရားမဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်ပြီး ယနေ့ကျင်းပသည့်လွှတ်တော်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ဆွေးနွေးခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်မစီးရဘူးလို့ အမိန့်ထုတ်ပြန်ထားတယ်။ ဒီအမိန့်ကို လိုက်နာသလား။ ပြတ်ပြတ်သားသားလုပ်ဖို့ ဒီကနေ့အထိ အကောင်အထည် မဖော်နိုင်တဲ့အခါမှာ ဆူးလေမှာပါ ဆိုင်ကယ်တွေ စီးနေပြီ” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ၏ ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ထိုအဆိုကို တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က မေလ ၂၈ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး တရားမဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို ထိရောက်မှုရှိသော အရေးယူဆောင်ရွက်မှုများ မရှိသောကြောင့် အဆို တင်သွင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်း၏အဆိုကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့သည်။ ဆွေးနွေးကြသည့် လွှတ်တော်ကိုယ်စားလှယ်များက တရားမဝင်ရောင်းချနေကြသည့် ဓာတ်ဆီဆိုင်များ၊ ဈေးဆိုင်များ၊ လိုင်စင်မရှိသော ယမကာဆိုင်များနှင့် အထူးသဖြင့် ဆိုင်ကယ်ကြောင့်ဖြစ်ပေါ်နေသည့် မှုခင်းပြဿနာရပ်များအကြောင်းကို ကိုးကားဆွေးနွေးခဲ့ကြသည်။

“ဒီလိုမျိုး အချို့သောလုပ်ငန်းများဟာ ဥပဒေကိုမျက်ကွယ်ပြုပြီး ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေကြတာကို ကြုံတွေ့နေရပါတယ်။ အဲ့ဒီ တရားမဝင်လုပ်ငန်း လုပ်ကိုင်နေသူတွေဟာ သက်ဆိုင်ရာ နယ်တာဝန်ခံများကို လိုင်းကြေးပေးပြီး ပြည်သူများရှေ့မှာ ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ မြို့နယ်မှာလည်း ရှိပါတယ်” ဟု သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ၏ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ နေထိုင်လျက်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေ၏ ၁၄ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button