အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စက်မှုဇုန်တွင် သပိတ်စခန်းဖွင့်ထားသော အလုပ်သမားများ ရန်ကုန်မြို့လယ်တွင် စုဝေး ဆန္ဒပြ

ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် ဖုယွမ်အထည်ချုပ်စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ထားကြသော အလုပ်သမားများသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်လယ်သို့ လာရောက်ပြီး မြို့တော်ခန်းမရှေ့မှ လမ်းမတော်မြို့နယ် ၁၈ လမ်းအထိ ချီတက်ဆန္ဒပြကြသည်ကို တွေ့ရသည်။

သပိတ်စခန်း ရက် ၂ဝ မြောက်သည့်နေ့တွင် မြို့လယ်သို့ လာရောက်ပြီး ဆန္ဒထုတ်ဖော်သည့် အလုပ်သမား အရေအတွက်မှာ ၁ဝဝ ခန့် ရှိသည်။

ယခင်လက အလုပ်သမား ၃ဝ ခန့် အကြောင်းမဲ့ အလုပ်ထုတ်ခံရသောကြောင့် ထိုသို့ ကန့်ကွက်နေကြခြင်း ဖြစ်သည်ဟု သိရသည်။

စည်းကမ်းဖောက်ဖျက်သူတို့ကို အလုပ်ထုတ်ခြင်း ဖြစ်သည်ဟု စက်ရုံက သတင်းထုတ်ပြန်ထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နှစ်ဖက်ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း ပြေလည်မှု မရသေးပေ။

မြို့နယ်အာဏာပိုင်တို့က အလုပ်ရှင်နှင့် အလုပ်သမားများကြား ဖြေရှင်းပေးမှုမှာ သမာသမတ်ကျခြင်း မရှိကြောင်း၊ ဖိအားပေးခြိမ်းခြောက်မှုများ ရှိနေကြောင်း အလုပ်သမားတို့က စွပ်စွဲထားသည်။

၎င်းတို့၏ လုပ်ငန်းခွင်တွင် ဖြစ်ပေါ်နေသော ပြဿနာကို ဖြေရှင်းပေးရန် လိုအပ်နေကြောင်း ပြည်သူလူထုနှင့် အစိုးရ သိရှိရန် မြို့လယ်သို့ လာရောက် ဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button