အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ ၅ ဦးကို ဖမ်းဆီးမှု ညှိနှိုင်းဖြေရှင်းရန် NUG ညွှန်ကြား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ယမန်နေ့တွင် ဖမ်းဆီးခဲ့သော အခြား PDF အဖွဲ့မှ အဖွဲ့ဝင် ၅ ဦးကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များအချင်းချင်း ညှိနှိုင်းဖြေရှင်းရန် ညွှန်ကြားထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက ပြောသည်။

မြင်းခြံအခြေစိုက် နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ အဖွဲ့ဝင်ငါးဦးကို ဖမ်းဆီးထားကြောင်း ချောင်းဦး PDF က အသိပေးအကြောင်းကြားခဲ့ကာ ထိုကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ ဖမ်းဆီးထားသူများကို ကောင်းကောင်းမွန်မွန်ထားရန် အကြောင်းကြားထားသည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။

“လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့၊  စုံစမ်းစစ်ဆေးရေးကာလမှာ ပြဿနာမဖြစ်ဖို့နဲ့ ပြေလည်စွာနဲ့ ညှိနှိုင်းဖြေရှင်းဖို့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေဆီကို ညွှန်ကြားပြီးဖြစ်ပါတယ်” ဟု ၎င်းက ယနေ့ပြောသည်။

စုံစမ်းစစ်ဆေးနေဆဲဖြစ်သော ထိုဖြစ်စဉ်၏ အသေးစိတ်အခြေအနေကို ဦးနိုင်ထူးအောင်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို ၅ ဦးကို ပိုက်ဆံလုခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကြောင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦး PDF ခေါင်းဆောင်က ပြောသည်။ 

ထိုအဖွဲ့မှ အဖွဲ့ဝင်များသည် ယခုလ ၁၉ ရက်က ချောင်းဦးမြို့နယ်နှင့် မြောင်မြို့နယ်ကြားရှိ ကျေးရွာရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းကာ ငွေကျပ် သိန်း ၇၀၀ ကို ယူဆောင်သွားကြောင်း၊ နောက်တစ်ရက်တွင် ကျေးရွာလူထုကို ခြိမ်းခြောက်ခဲ့ကြောင်း ချောင်းဦး PDF ခေါင်းဆောင် ကိုဇာနည်သိန်းက ပြောသည်။

“ကျေးရွာပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တွေ၊ PDF တွေ ရှိနေတဲ့အနေအထားမှာ ဘယ်သူ့ကိုမှ အသိမပေးဘဲနဲ့ ဝင်လာတယ်။ အိမ်ကို ဝင်စစ်တယ်။ စစ်ပြီးသွားတဲ့အခါကျတော့ ဖုန်းနဲ့ ပိုက်ဆံတွေ ယူသွားတယ်” ဟု ကိုဇာနည်သိန်းက ပြောသည်။

“နောက်တစ်နေ့ကျတော့ ရွာထဲက စျေးဆိုင်ရှေ့မှာ သေနတ်ဖောက်တယ်။ ထွက်ကြည့်တဲ့ရွာသူ၊ ရွာသားတွေကိုလည်း လက်ထဲမှာ ကိုင်ထားတဲ့ တံစဉ်မဟုတ်ဘူးနော်။ သေတယ်။ ရွာကိုလည်း မီးရှို့မယ်လို့ ခြိမ်းခြောက်သွားတယ်”

မြင်းခြံခရိုင် PDF အဖွဲ့၊ အမှတ် ၅ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက အဖွဲ့ဝင် ၅ ဦး အဖမ်းခံရခြင်းနှင့် ပတ်သက်၍ NUG တာဝန်ရှိသူများထံ တင်ပြထားသည်ဟု ပြောသည်။​

“ကျွန်တော်တို့ကြားတဲ့သတင်းကတော့ သေနတ်ဖောက်လို့ ဖမ်းတယ်တဲ့။ ရဲဘော်တွေ ဖမ်းမယ်ဆို အဖွဲ့အစည်းကို အကြောင်းကြားရမှာ။ အခုက အဖွဲ့အစည်းလည်း အကြောင်းမကြားဘူး။ သူများပြောမှ သိရတာ” ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံ တင်ပြ၍ စစ်ဆေးနေဆဲဖြစ်ရာ ဖြစ်စဉ်အသေးစိတ် ထုတ်ဖော်ပြောဆို မရသေးကြောင်း ချောင်းဦး PDF ထံမှ သိရသည်။

“MOD ကို အဆင့်ဆင့်တင်ပြီးတော့ ထိန်းသိမ်းထားတယ်။ ညွှန်ကြားချက်နဲ့အညီ သူတို့ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်” ဟုလည်း ချောင်းဦး PDF ခေါင်းဆောင် ကိုဇာနည်သိန်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles