အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဘုံတိုရွာ ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရလူနာ ၅၀ကျော် ဆေးကုသရေး အခက်ကြုံနေရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၌ သီတင်းကျွတ်လပြည့်ညက ဆီမီးသပိတ် လေကြောင်း တိုက်ခိုက်ခံရမှုတွင် ဆယ်နှင့်ချီ ထိခိုက်ဒဏ်ရာရသည့်ပြည်သူများ ဆေးဝါးကုသမှု အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း တော်လှန်ရေးအင်အားစုများနှင့် မြေပြင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံက သိရသည်။

ချောင်းဦးမြို့၊ ဘုံတိုရွာတွင် အောက်တိုဘာလ ၆ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) ညပိုင်းက ဆီမီးထွန်း သပိတ်ကျင်းပနေချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသည့် အင်ဂျင်တပ်လေထီးက လေကြောင်းတိုက်ခိုက်ခဲ့ရာ  ကလေးသူငယ်များအပါအဝင် အစုလိုက်အပြုံလိုက်သေဆုံးပြီး ဆယ်ချီပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ 

လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာ စစ်ကိုင်းတိုင်းကို ဆေးဝါးအပါအဝင် ကုန်စည်စီးဆင်းခွင့်များကို စစ်တပ်က ပြီးခဲ့သည့်လပိုင်းကစတင်၍ တင်းကျပ်ထားရာ  ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိချိန်တွင် ဆေးဝါးမလုံလောက်သော အခက်အခဲကို ပိုမိုဆိုးရွားစွာရင်ဆိုင်နေရသည်။

ကိုလှိုင်း/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles