အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိန်းမ အိမ်ပေါ်ကဆင်းသွားသဖြင့် ဖခင်က ကလေး ၃ ယောက်ကို ပေါင်းသတ်ဆေးတိုက်ပြီး သတ်သေ

ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့က အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဇနီးသည် အိမ်ပေါ်ကဆင်းသွားသဖြင့် သူ၏ ကလေးငယ် ၃ ဦးကို ပေါင်းသတ်ဆေးတိုက်ခဲ့ပြီး သူကိုယ်တိုင်လည်း တူမီးသေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည်။

နမ့်ဟွေယွန်း ကျေးရွာမှ လီပိုး ဆိုသူ အမျိုးသားသည် သူ့ကိုယ်သူ အဆုံးမစီရင်မီ အသက် ၂ နှစ် နှင့် ၆ နှစ်အရွယ်သူ၏ သားနှစ်ဦးနှင့် အသက် ၅ နှစ်အရွယ် သမီးတို့အား ပေါင်းသတ်ဆေး တိုက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပေါင်းသတ်ဆေး သောက်ခဲ့ရသည့် ကလေးငယ်များသည် မူးဝေအော့အန်ခဲ့ပြီး ဖခင်ဖြစ်သူသည် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ ကလေးငယ်များ၏ ဝေဒနာမှာ မစိုးရိမ်ရဘဲ မကြာခင် ပြန်လည် သက်သာလာနိုင်ကြောင်း ပြည်ထဲရေး၏ ထုတ်ပြန်ချက်ကဆိုသည်။

ကလေးငယ်များအား ပေါင်းသတ်ဆေးတိုက်ပြီး သေကြောင်းကြံစည်ခဲ့သည့် သူ့အား လူသတ်ရန်ကြံစည်မှု/ မိမိ ကိုယ်ကိုသေကြောင်းကြံစည်မှုတို့ဖြင့် ရဲက အမှုဖွင့်ထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button