အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်လာအရေး စစ်ကောင်စီနောက်ပြန်ဆုတ်၊ ကင်းလွတ်ခွင့်ရသူ ၇ မျိုးကြေညာ

တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်နှုန်းဖြင့် တစ်ရက်အတွင်း မဖြစ်မနေလဲလှယ်ရမည်ဆိုသော အမိန့်နှင့် ပတ်သက်၍ နောက်ပြန်ဆုတ်သော ထုတ်ပြန်ချက်တစ်စောင်ကို စစ်ကောင်စီက ယနေ့ (ဧပြီ ၂၀) ထုတ်ပြန်ရာ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၇ မျိုးကို ကင်းလွတ်ခွင့်ပေးမည်ဟု ဆိုသည်။

ပြည်ပမှစီးဝင်သည့် ဒေါ်လာများကို နေ့ချင်းပြီး မဖြစ်မနေလဲလှယ်ရမည့်ပြင် ဒေါ်လာသုံးစွဲရာတွင် ခွင့်ပြုချက်လျှောက်ထားရမည်ဟု ယခုလ ၃ ရက်တွင် စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။  

ထိုအမိန့်ထုတ်ပြန်ပြီး သီးတင်းသုံးပတ်နီးပါးအကြာ စီးပွားရေးလုပ်ငန်းများနှင့် သံတမန်အသိုင်းအဝိုင်းက စိုးရိမ်မှုမြင့်တက်နေချိန်တွင် ကင်းလွတ်ခွင့်ပြုသော လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို စစ်ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ၊ သံရုံးအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနှင့် လက်အောက်ခံဝန်ထမ်းများ၊ ပြည်ပအကူညီပေးရေးအေဂျင်စီမှ နိုင်ငံခြားသားဝန်ထမ်းများ၊ သံတမန်များနှင့် လေကြောင်းလိုင်းများကို ကင်းလွတ်ခွင့်ပြုသည်ဟု စစ်ကောင်စီ၏ ယနေ့ထုတ်ပြန်ချက်က ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံခြားငွေရောင်းဝယ်ခွင့် (AD) လိုင်စင်ရသည့် ဘဏ်များအနေဖြင့် ကင်းလွတ်ခွင့်ပြုသည့် လုပ်ငန်းများကို အလေးထားစိစစ်ရန်၊ ဗဟိုဘဏ်ကို တင်ပြရန်နှင့် မှတ်တမ်းများထားရှိရန်လည်း စစ်ကောင်စီက သတိပေးသည်။

ကင်းလွတ်ခွင့်တွင် မပါဝင်သော နိုင်ငံခြားဝင်ငွေရရှိသည့် ပို့ကုန်သမားများ၊ သင်္ဘာသားများနှင့် အခြားလုပ်ငန်းများအနေဖြင့် တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် မဖြစ်မနေလဲရမည်ဖြစ်ရာ ပေါက်ဈေးထက် ၂၀၀ ကျပ်ဝန်းကျင် နည်းနေသောကြောင့် လယ်သမားများနှင့် မွေးမြူရေးသမားများ ထိခိုက်နစ်နာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“Primary Producer (မူလကုန်ပစ္စည်းထုတ်လုပ်သူ) ကို သွားထိမှာပေါ့။ primary Producer ကို သူတို့ သတ်မှတ်တဲ့ ၁၈၅၀ နဲ့ပဲ တွက်ပြီး ပေးမှာပေါ့။ အရင်တုန်းက ကုန်ကြမ်းဝယ်တဲ့အခါကျတော့ တစ်ဒေါ်လာ ကို ၂၀၀၀ လောက်နဲ့ ခံပြီးတွက်တာပေါ့။ အခုကျတော့ တစ်ဒေါ်လာကို ၁၈၅၀ နဲ့ခံပြီး တွက်ပြီလေ။ တစ်ဒေါ်လာမှာ ၂၀၀ နှုန်းလောက်နည်းပြီး ရသွားမှာပေါ့” ဟု ၎င်းက ပြောသည်။

ပို့ကုန်သမားများထံမှ ဒေါ်လာကို မဖြစ်မနေလဲလှယ်လိုက်ခြင်းကြောင့် ဘဏ်များထံမှ ဈေးကွက်တွင် စီးဝင်လာသည့် ဒေါ်လာငွေသားလည်း ရပ်တန့်သွားနိုင်ပြီး ဒေါ်လာလိုအပ်သူများအနေဖြင့် လိုသလောက် ဝယ်မရသည့် အခက်အခဲများရှိနိုင်ကြောင်း ငွေလဲကောင်တာနှစ်ခုဖွင့်လှစ်ထားသည့် အမည်မဖော်လိုသူ ရန်ကုန်မြို့မှ လုပ်ငန်းရှင်တစ်ဦးကလည်း ဆိုသည်။​

ထို့ပြင် သွင်းကုန်များတင်သွင်းရန် လိုအပ်သည့် ဒေါ်လာကို စစ်ကောင်စီက ခွင့်ပြုချက်ရရှိမှသာ ဒေါ်လာရရှိမည်ဖြစ်သောကြောင့် သွင်းကုန်ကို မှီခိုနေရသည့် မြန်မာနိုင်ငံအနေဖြင့် ကုန်ပစ္စည်းရှားပြီး ဈေးနှုန်းကြီးမြင့်လာနိုင်သည်ဟု ကုန်သည်အသိုင်းအဝိုင်းက ခန့်မှန်းသည်။

စစ်ကောင်စီက ဒေါ်လာမရောင်းပေးခြင်းကြောင့် သင်္ကြန်အပြီးတွင် ဒီဇယ်နှင့် ဓာတ်ဆီအသစ်မတင်သွင်းနိုင်၍ လက်ကျန်ဆီကို ထိန်းရောင်းလာခြင်းကြောင့် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် ယခုရက်ပိုင်းအတွင်း ဆိုင်များပိတ်ရသည်အထိ စုံပြုံတိုးဝယ်ယူရသည်အထိ ဖြစ်ပွားခဲ့သည်။

ဒေါ်လာထိန်းချုပ်မှုကြောင့် မလိုအပ်ဘဲ မြန်မာနိုင်ငံသားများ၏ လူနေမှုအဆင့်တန်းနိမ့်ကျနိုင်သလို နိုင်ငံခြားစီးပွားရေးလုပ်ငန်းနှင့် နိုင်ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများရပ်တန့်နိုင်ကြောင်း ကင်းလွတ်ခွင့်ပြုသည့် လုပ်ငန်းများကို မထုတ်ပြန်မီ နိုင်ငံတကာကုန်သည်ကြီးများအသင်း ၁၂ ခုက ဧပြီ ၈ တွင် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။​

ထို့ပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုထိပ်ဆုံးနိုင်ငံများဖြစ်သော စင်ကာပူနှင့် ဂျပန်သံရုံးကလည်း ဒေါ်လာထိန်းချုပ်မှုမှ ကင်းလွတ်ခွင့်ရရှိရန် တောင်းဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button