အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လက်ပံတန်းမြို့တွင် တရားလွှတ်တော်ရှေ့နေတစ်ဦးကို အဂတိကော်မရှင်က အမှုဖွင့်

အမှုသည်ထံမှ ငွေကြေးနှင့်လက်ဆောင်များ တောင်းယူပြီး အမှုပြီးဆုံးအောင် ဆောင်ရွက်မပေးဟု ဆိုကာ တိုင်ကြားခံခဲ့ရသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးကို စုံစမ်းစစ်ဆေးပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရဲစခန်းတွင် အမှုဖွင့်ရန် ပြင်ဆင်နေသည်ဟု ယနေ့ ထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေး (စဉ်-၁၁၀၉၀)သည် အမှုသည်ထံမှ ငွေကြေး/ပစ္စည်းလက်ဆောင်များ တောင်းယူပြီး အမှု ပြီးဆုံးအောင် ဆောင်ရွက်မပေးသည့်ကိစ္စအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးသည် လက်ပံတန်းမြို့နယ်တရားရုံး၏ ဇာရီမှုအမှတ် ၂၀/၂၀၁၆၊ ၂၁/၂၀၁၆ အမှုများနှင့်စပ်လျဉ်း၍ အမှုသည်ကိုယ်စား တရားရုံး၌ အမှုလိုက်ပါ ဆောင်ရွက်သည့်တာဝန်ကို ဆောင်ရွက်ရာတွင် အမှုအောင်မြင်စေရေးအတွက် အကြောင်းပြကာ အမှုသည်ထံမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့အတွင်း ငွေကျပ် ၁၂၉၀,ဝဝဝ နှင့် လက်ဆောင်ပစ္စည်းများ တောင်းခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ၎င်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ အရ အရေးယူဆောင်ရွက်ရန် လက်ပံတန်းမြို့နယ်၊ မြို့မရဲစခန်းတွင် ဩဂုတ်လ ၁၄ ရက် ယနေ့၌ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်များကို မသိရသေးပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles