Myanmar Now
-
သတင်း
ရေနံမှော်ကို တပ်ဖြန့်လာသည့် စစ်ကြောင်းကိုတော်လှန်ရေးတပ်များ ပိတ်ဆို့ထား
ပြီးခဲ့သည့် မေလလယ်ကတည်းက ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှထွက်လာသောစစ်ကြောင်းသည် ပေါက်၊ မြိုင်၊ ပခုက္ကူ သုံးမြို့နယ်စပ်မှ မြိုင်မြို့နယ် ရေနံမှော်ဘက်သို့ ဦးတည်ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက “အညာတမာ စစ်ဆင်ရေး” ဖြင့် စုဖွဲ့တုံ့ပြန်တိုက်ခိုက်နေ ခြင်းဖြစ်သည်။
-
သတင်း
ဗန်းမော်သို့တက်သည့် စစ်ရေယာဉ်အုပ်စု ထက်ဝက်နီးပါး နစ်မြှုပ်ခံရပြီး လူ ၁၀၀ ကျော် ဖမ်းဆီးခံရ
ရွှေကူမြို့မှ ထွက်ခွာလာသည့် ရိက္ခာ၊ ခဲယမ်း၊ စစ်သားများတင်လာသည့် စစ်သင်္ဘောအုပ်စုကို KIA နှင့် KPDF ပူးပေါင်းတပ်များက ဧရာဝတီမြစ်အတွင်း တိုက်ခိုက်ခဲ့ရာ သင်္ဘော ရှစ်စီး ပျက်စီး၊ လူ ၁၀၀ ကျော် ဖမ်းဆီးမိခဲ့သည်။
-
သတင်း
ရေဘေးသင့် ခင်ဦးမြို့နယ်တွင် ကလေး ၁၀၀ နီးပါး ဖျားနာ၊ ဝမ်းပျက်နေ
ရုတ်တရက်ရေကြီးမှုကြောင့် ကောက်စိုက်သမ ခြောက်ဦး ရေနစ် သေဆုံးသည်အထိ ရေဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်းတွင် ဒေသခံတို့ ကျန်းမာရေးအခက်အခဲနှင့် ရင်ဆိုင်နေရသည်။
-
သတင်း
ဧရာဝတီဒုတိယမြစ်ကျဉ်းတွင် စစ်သင်္ဘောနှင့် စစ်သားအများအပြား အထိနာပြီးနောက် စစ်တပ်က ရွှေကူ အရှေ့ဘက်ကို စံချိန်တင် ဗုံးကြဲ
စစ်သင်္ဘောများကို ရွှေကူမြို့နှင့် မိုင် ၂၀ ခန့်အကွာ ဇင်းဘုံရွာနှင့် စင်းခန်းရွာအနီးတို့တွင် KIA နှင့် ပူးပေါင်းတပ်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ ဇင်းဘုံရွာအနီးတွင် စစ်သင်္ဘောတစ်စီး ပျက်စီး နစ်မြုပ်သွားပြီး နှစ်စီးမှာ မီးလောင်ပျက်စီးသွားသည်။
-
သတင်း
ကရင်နီရှိ နာမည်ကျော် သတ္တုတွင်းမြို့ကို စစ်တပ်ဗုံးကြဲ၊ ကိုယ်ဝန်ဆောင်အပါအဝင် ၆ ဦး သေဆုံး
ဗုံးကြဲလေယာဉ်နှစ်စီးက မော်ချီးမြို့ ကျောက်ကြား နေရာကို ကြဲချသည့်ဗုံးသည် လူနေအိမ် တစ်လုံးပေါ် တည့်တည့်သို့ကျသဖြင့် တစ်အိမ်တည်းနေ ကိုယ်ဝန်ဆောင်တဦးအပါအဝင် လူ ၆ ဦး သေဆုံးခဲ့သည်။



