Myanmar Now
-
သတင်း
ပြည်သူ့ပါတီအမတ်၂ ဦးကို လွှတ်တော်အမတ်အဖြစ်မှဖယ်ရှား၊ ကြံ့ခိုင်ရေးအမတ်များဖြင့်အစားထိုး
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီမှ အနိုင်ရ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို ပယ်ဖျက်ပြီး ကြံ့ခိုင်ရေးပါတီမှ ဒုတိယအနိုင်ရရှိထားသည့် ကိုယ်စားလှယ်နှစ်ဦးကို အစားထိုးခန့်အပ်လိုက်ကြောင်း စစ်တပ်ခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကယမန်နေ့ကကြေညာခဲ့သည်။
-
သတင်း
သိန္နီမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး MNDAA တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရ
MNDAA ၏ ယမ်းသိုလှောင်ရုံတစ်ခု ယနေ့နံနက်အစောပိုင်းတွင် ပေါက်ကွဲမှုဖြစ်ကာ လူထိခိုက် သေဆုံးမှုများရှိခဲ့ပြီး အဆောက်အအုံနှင့် အနီးဝန်းကျင် ထိခိုက်ပျက်စီးခဲ့သည်။
-
သတင်း
တကောင်းနီကယ်စက်ရုံအနီး စစ်ရေယာဉ်များ ရပ်ထားပြီး ကချင်သို့ ဆက်တက်နိုင်ခြေရှိ
ထီးချိုင့် မြို့နယ် တကောင်းနီကယ်စက်ရုံအနီး ရပ်တန့်ထားသည့် ရေယာဉ်များမှာ နီကယ်သတ္တုများကို သယ်ယူရန်နှင့် ရေယာဉ်အချို့မှာ ကချင်ပြည်နယ်ဘက်သို့ စစ်ကူပို့ရန် ဆန်တက်နိုင်ကြောင်း မြစ်ကြောင်းတလျှောက် တော်လှန်ရေးအင်အားစုများက ယူဆထားသည်။
-
သတင်း
ငါန်းဇွန်တွင် ဒရုန်းဗုံးကြောင့် ဆရာတော်နှင့် ကလေးအပါအဝင် ၄ ဦး သေဆုံး
စစ်တပ်က ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတစ်ရွာတွင်တပ်စွဲ၍ အနီးဝန်းကျင်ရှိ ကျေးရွာသုံးရွာကို ဒရုန်းဖြင့် ဗုံးကြဲခဲ့စဉ် သေဆုံးမှုများဖြစ်ပေါ်ခဲ့ရာ ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် ခုနစ်နှစ် အရွယ် မိန်းကလေးတစ်ဦးတို့ပါဝင်နေသည်။
-
ဆောင်းပါး
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အာဏာရှင်၏ ဒေါ်လာသန်းချီသုံးဖြုန်းမည့် အာကာသစီမံကိန်း
စိတ်ကြီးဝင်ရောဂါ ရင့်နေသော၊ နိုင်ငံပိုင်ငွေဖြုန်းတီးရန် အသင့်ဖြစ်နေသော မင်းအောင်လှိုင်သည် ငွေလိုနေသော ပူတင်၊ လူကာရှန်ကိုတို့ထံ မကြာခဏရောက်လာသည့် ဖောက်သည်ကြီး ဖြစ်လာလေသည်။



