Myanmar Now
-
သတင်း
ပျူစောထီးသံသယဖြင့် ဖမ်းဆီးခံရသည့် ရဟန်း ၁ ပါး ပျံလွန်ပြီးနောက် ချောင်းဦးနယ်ကို စစ်တပ် ထိုးစစ်ဆင်
တော်လှန်ရေးဘက်က ဖမ်းဆီးစစ်ဆေးနေသည့် ရဟန်းတစ်ပါး ပျံလွန်ပြီးနောက် ထိုရွာနှင့်အနီးဝန်းကျင် ကို စစ်တပ်က စီးနင်းမီးရှို့မှုများ ပြုလုပ်နေသဖြင့် ၁၂ ရွာခန့်မှ ဒေသခံ ထောင်ချီ ထွက်ပြေးနေရသည်။
-
သတင်း
AA စိုးမိုးဒေသများကို စစ်တပ်ဗုံးကြဲတိုက်ခိုက်မှု ၁ လအတွင်း ၃၇ ဦးသေဆုံး၊ ၉၁ ဦးဒဏ်ရာရ
"ကျန်းမာရေးမကောင်းရင်လည်း ဆေးရုံ၊ ဆေးခန်းကိုမသွားရဲတော့ဘူး။ ဆေးရုံတွေကို ဗုံးကြဲတာတွေရှိတော့ ကြောက်နေရတယ်။ ဒီလိုပဲ စာသင်ကျောင်းတွေကိုလည်း ဗုံးကြဲနေတာတွေရှိတော့ ကလေးတွေအတွက် စိုးရိမ်ရတယ်။ဒါပေမဲ့ စာမသင်လို့မရတော့ ကျောင်းပို့ထားရတယ်"ဟု ဒေသခံတစ်ဦးကဆိုသည်။
-
ဆောင်းပါး
တော်လှန်ရေးနယ်မြေများသို့ လောင်စာဆီ မစီးဆင်းစေရန် စစ်အုပ်စုက နည်းပညာသုံး ထိန်းချုပ်
သီလဝါမှ ထွက်ခွာသွားသည့် ဆီသယ်ယာဉ်များကို နည်းပညာအသုံးပြု အချိန်နှင့်တပြေးညီ စောင့်ကြည့်သည့်စနစ်သည် တော်လှန်ရေးအဖွဲ့များကို ပစ်မှတ်ထားခြင်းဖြစ်သည်။
-
သတင်း
ကြံ့ခိုင်ရေးပါတီကိုပါ အာဏာထပ်သိမ်းရန် ဦးမင်းအောင်လှိုင်ကြိုးစား၊ ပါတီညီလာခံကို ရုတ်တရက်ဆိုင်းငံ့လိုက်ရ
စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များအကြား ပါတီထိပ်ပိုင်းရာထူးများအတွက် အာဏာခွဲဝေမှု မကျေလည်သဖြင့် ယခု စက်တင်ဘာလလယ်တွင် ကျင်းပရန်လျာထားသည့် ပါတီညီလာခံကို ရုတ်တရက်ဆိုင်းငံ့လိုက်သည်။
-
သတင်း
ရွှေကူမြို့ရောက် စစ်ရေယာဉ်အုပ်စုကို လုံခြုံရေးပေးမည့်စစ်စခန်း ပြန်ရရှိရေး ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်နေ
ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်တပ်၏ စစ်သင်္ဘောအုပ်စုမှာ ရွှေကူမှတဆင့် ဗန်းမော်မြို့သို့ ဆန်တက်ရန် ကြိုးပမ်းနေရာ ထိုလမ်းပိုင်းရှိ စစ်ရေးရအရ အရေးပါသော စစ်အခြေစိုက်စခန်းကို KIA က ထိန်းချုပ်လိုက်သဖြင့် လေယာဉ်၊ မြေပြင်စစ်ကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်နေသည်။



