ပြန်ပေးဆွဲမှု
-
သတင်း
စစ်ကောင်စီ လုံခြုံရေးမယူနိုင်၍ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရဟု AA ဝေဖန်
ပညာရေးဝန်ထမ်းနှစ်ဦး လွတ်မြောက်ရေးအတွက် မြန်မာငွေ ကျပ်သိန်းတစ်ထောင်ကျော် လွှဲပေးခဲ့ရသည်ဟု စစ်ကောင်စီ၏ ပြည်နယ်အုပ်ချုပ်ရေးပိုင်းက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်သော်လည်း မည်သည့်အဖွဲ့က ပြန်ပေးဆွဲသည်ကို ပြောဆိုခြင်း မရှိပေ။
-
သတင်း
ပြန်ပေးဆွဲခံရသည်ဆိုသော ပညာရေးဝန်ထမ်းနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခေါ်စစ်
နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူက ဆိုသော်လည်း အသေးစိတ် မသိရပေ။
-
သတင်း
မောင်တောတွင် ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံထားရဟုဆို
မြို့နယ်ပညာရေးမှူးရုံးသို့ အသွားလမ်းတွင် ပျောက်ဆုံးနေသော ကျောင်းအုပ်ကြီးနှင့် ကျောင်းဆရာမ ပြန်လည်လွတ်မြောက်ရေး အရပ်သားများသာ ကြိုးပမ်းနေရသည်ဟု သိရသည်။
-
သတင်း
ကောက်ရိုးပုံမီးရှို့သူဟု စွပ်စွဲခံရသူကို မမိ၍ ဖခင်ကို ဖမ်းဆီး
စစ်ကောင်စီ ရပ်ကျေးဥက္ကဋ္ဌ ခန့်အပ်မှုကို အပြင်းအထန်ကန့်ကွက်ခဲ့သူကို လိုက်လံဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် သူ့ဖခင်ကို ဓားစာခံလုပ်ထားသည်
-
သတင်း
မိုးကုတ်စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို အမြန်ဆုံးလွှတ်ပေးရန် မိသားစုတောင်းဆို
စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းကို TNLA က ဖမ်းဆီးထားသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးမကောင်းသည့် အစ်ကိုဖြစ်သူကို စိုးရိမ်ကြောင်း ဦးကျော်လင်းက ဆိုသည်