KIA
-
သတင်း
မကွေးတိုင်းတွင် ရဟတ်ယာဉ် ၁ စီးကို တော်လှန်ရေးအဖွဲ့များ ဒရုန်းဖြင့် ပစ်ခတ်ဖျက်ဆီး
ရဟတ်ယာဉ်တစ်စီးနှင့် စစ်သားအများအပြား ရှိနေကြစဉ် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ် ကိုယ်ထည်ထိမှန်ကာ စစ်သားများ ထွက်ပြေးခဲ့ကြရသည်။
-
သတင်း
စစ်တပ်ငြိမ်းချမ်းရေးညှိနှိုင်းမှုအဖွဲ့ တရုတ်နယ်စပ်အခြေစိုက် အင်အားကြီးလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ
တရုတ်နယ်စပ်အခြေစိုက် အင်အားကြီး လက်နက်ကိုင်အဖွဲ့များဖြစ်သော UWSA နှင့် NDAA တို့ကို သွားရောက်တွေ့ဆုံကာ ရေရှည်ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး SSPP အဖွဲ့ကိုမူ နေပြည်တော်ခေါ်ယူ တွေ့ဆုံခဲ့သည်။
-
သတင်း
စစ်တပ်နှင့် KIA ရွှေကူတိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းတပ်များအကြား မေလ ၅ ရက်မှစတင်သည့် တိုက်ပွဲသည်ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက် အထိနာနေသည့်အတွက် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်နှင့် KIA ပြန်ကြားရေးထံက သိရသည်။
-
သတင်း
ကွတ်ခိုင်အပါအဝင် ထိန်းချုပ်ဒေသများတွင် MNDAA အစီအစဉ်ဖြင့်သာ ကျောင်းဖွင့်မည်
ကိုးကန့်တပ်ထိန်းချုပ်သော ဒေသများတွင် နိုင်ငံတကာသုံး အင်္ဂလိပ်စာ၊ တရုတ်စာ နှင့် အခြားဘာသာ စကားများကို နှစ်ချိန်ခွဲ သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းများ အမြန်ဆုံးဖွင့်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
-
သတင်း
ဖားကန့်တွင် KIA ဒရုန်းဗုံးကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး
နှစ်ဖက်တပ်များ အင်အားဖြည့်တင်းမှုကြောင့် စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ် ဖားကန့်မြို့၌ ယမန်နေ့ ညတွင် ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် ပူးပေါင်းတပ်များ၏ ဒရုန်းဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်ဟု ဒေသခံနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။



