ရခိုင်ပဋိပက္ခ
-
သတင်း
ရခိုင်ပြည်နယ်တွင် တပ်မတော်ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသူတစ်ဦး ထပ်မံသေဆုံး
ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်နယ်မြေတွင် ညဘက်ထွက်လာသည့်အတွက် စစ်ဆေးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ခိုင်းသော်လည်း တစ်ဦးက မရပ်ပေးသည့်အတွက် ပစ်ခတ်ရခြင်းဖြစ်ကြောင်း တပ်မတော်ကဆိုသည်။
-
သတင်း
မြောက်ဦးတွင် ဆိုင်ကယ်စီးလာသူတစ်ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီး
ကျောက်ကုန်းတန်း ဘုန်းတော်ကြီးကျောင်းကို တပ်နှင့် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး မနေ့ ည ၈ နာရီခွဲခန့်က ရှာဖွေစစ်ဆေးနေစဉ် ဆိုင်ကယ်စီးနင်းလာသည့် ကိုရဲလင်းနိုင်မှာ စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို ရပ်တန့်မပေးသဖြင့် ပစ်ခတ်ရခြင်းဖြစ်သည်ဟု တပ်မတော်က ဆိုသည်။
-
သတင်း
ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌအပါအဝင် ၉ ဦးကို ယနေ့ တရားရုံးရမန်ယူ
စင်ကာပူနိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်သည့် ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌ ကိုဟိန်းဇော်အပါအဝင် ၉ ဦးကို ယနေ့ ဒုတိယအကြိမ် ရမန်ထပ်ယူခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့ (SB)က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုနိုင်ရန် စစ်ဆေးနေခြင်းဖြစ်သည်။
-
သတင်း
မြောက်ဦးတွင် စက်လှေကို သေနတ်ဖြင့် ပစ်၍ တစ်ဦးသေဆုံး
ကိုဘိုသန်းထွန်း အပါအဝင် ၄ ဦးသည် တောင်မြင့်ကျေးရွာမှ ပေါက်ပင်ကွင်းကျေးရွာသို့ မျိုးစပါးကျဲရန် စပါး ၄ အိတ်တင်ကာ ရမ်းချောင်းအတိုင်း စက်လှေဖြင့် သွားရောက်နေစဉ် တိန်ညိုရွာအနီးသို့အရောက် တိန်ညိုတပ်မတော်ထောက်ပို့တပ်က စက်လှေအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
-
သတင်း
ရခိုင်ပြည်နယ်၊မြေပုံတွင် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော်ခန့် စစ်ဘေးရှောင်
လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ပေါက်တူးတောင်ရွာတွင် လူ ၅၀ ခန့်သာ ရွာထဲ၌ကျန်ရစ်နေခဲ့ပြီး စစ်ရှောင် ၁၂၀၀ နီးပါးမှာ ပေါက်တူးတောင် ကျေးရွာ၏ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာ ကမ်းထောင်းကြီးမြို့နယ်ရှိ ဘုရားကြီးဝင်းထဲတွင် စစ်ဘေးရှောင်နေကြသည်။