ရခိုင်ပဋိပက္ခ
-
သတင်း
မင်းပြားမြို့နယ်တွင် ဒေသခံ ၇ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေ
တပ်မတော်စစ်ကြောင်း ရွာတွင်းဝင်စဉ် ရွာထဲမှ ပစ်ခတ်မှု ဖြစ်သည့်အတွက် စစ်ကြောင်းက ပြန်လည်ပစ်ခတ်ရာ လူနှစ်ဦးသေဆုံးခဲ့ပြီး ပတ်ဝန်းကျင်မှ အခြားလူများကိုပါ တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
-
သတင်း
ရခိုင်ပြည်နယ် မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝတွင် တိုက်ပွဲပြင်းထန်နေ
နှစ်ပြည်နယ် နယ်စပ် ပလက်ဝသည် ညမထွက်ရအမိန့် ထုတ်ထားသလို တိုက်ပွဲများမှာလည်း ရက်ဆက်သလို ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်တွင်းရှိ တိုက်ပွဲများကြောင့် နှစ်ဖက်ကျဆုံးမှုများမှာလည်း တိုးလာလျက်ရှိသည်။
-
သတင်း
မြောက်ဦးမြို့နယ် အိုးထိန်းရွာကို တပ်မတော်စစ်ကြောင်းဝင်စစ်
အိုးထိန်းရွာအနီးတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ချောင်းမြောင်း ပစ်ခတ်ခံရခြင်းများကြောင့် ဝင်ရောက်စစ်ဆေးရခြင်းဖြစ်ကြောင်း တပ်ဘက်က ဆိုသည်။
-
သတင်း
ရခိုင်၌ ဖမ်းခံထားရသည့် ဝန်ထမ်းများ လွတ်မြောက်ရေးကူညီရန် ဒုဝန်ကြီးက လွှတ်တော်ကို မေတ္တာရပ်ခံ
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများဖြစ်သည့် ဦးတင်မင်းထိုက်နှင့် ဦးကျော်ဇင်ထွန်းတို့သည် ရခိုင်ပြည်နယ်အတွင်း တာဝန်ကျနေစဉ် ရက္ခိုင့်တပ်တော် AA က ဖမ်းခေါ်သွားခြင်းခံခဲ့ရသည်ဟု ယူဆရသည်။
-
သတင်း
မြေပုံတွင် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်သူ ကိုးသောင်းကျော်အထိ ရှိလာပြီဖြစ်သည်။