ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း
-
မေးမြန်းခန်း
မဘသကို သာသနာရေးဝန်ကြီး ဘယ်လိုကိုင်တွယ်ဖျက်သိမ်းခဲ့ရသလဲ
သံဃာချင်းစိတ်ဝမ်းကွဲမှုမဖြစ်စေရန်နှင့် နိုင်ငံရေးထိုးနှက်ချက်များကို တားဆီးရန် မဘသအဖွဲ့ကို ဓမ္မစက်၊ အာဏာစက်ဖြင့် ကိုင်တွယ်ထိန်းကျောင်းခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်နေသည့် YMBA အဖွဲ့ကြီးကိုလည်း မူလရည်ရွယ်ချက်များနှင့် သွေဖည်ခြင်းရှိမရှိ စောင့်ကြည့်နေသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်
-
သတင်း
မဘသဖောင်ဒေးရှင်းအတွက် တပ်က ငွေလှူခြင်းကို သာသနာရေးက အမည်မတပ်ဘဲ ဝေဖန်
လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြန့်ချိသည့်တရားများ ဟောကြားခဲ့သည့် မန္တလေးမြို့မှ ဦးဝီရသူနှင့် ပတ်သက်ပြီး ဦးဝီရသူဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနှင့် ထိုဖောင်ဒေးရှင်းကို အလှူငွေထောက်ပံ့သည့် တပ်မတော်တို့နှင့် ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ဝေဖန်ရေးသားခြင်းလည်း ဖြစ်သည်။
-
သတင်း
မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ညီလာခံသို့ ရန်ကုန်တိုင်းစစ်တိုင်းမှူးက သိန်း ၃၀၀ လှူ
ဝရမ်းပြေးတစ်ဦးဖြစ်သည့် လုပ်ငန်းရှင် ဦးစိုးထွန်းရှိန်က နေ့လယ်စာလှူဒါန်းပြီး နောက်ထပ် ဝရမ်းပြေးတစ်ဦးဖြစ်သည့် ဦးဝီရသူကလည်း အခြေအနေနိမ့်ပါးနေသဖြင့် မလာရောက်နိုင်ကြောင်း ရုပ်သံဖိုင်မှတစ်ဆင့် အသိပေးသည်။
-
သတင်း
ဆရာတော် မခေါ်ထိုက်ဟု သာသနာရေးထုတ်ပြန်ချက် ဗုဒ္ဓ ဓမ္မပရဟိတ ဖောင်ဒေးရှင်း ကန့်ကွက်
အမျိုးသမီးမဝင်ရဟု ကန့်သတ်ထားသော အောက်စက်တော်ရာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ခဲ့ခြင်းမှာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ကျော်လွန်၍ မထီမဲ့မြင် ပြုလုပ်ခြင်းဖြစ်သည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
သတင်း
မဘသအသွင်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဆိုသည်မှာ မဟနကို မလိမ့်တပတ်လုပ်ခြင်းဟု သာသနာရေးဝန်ကြီးဆို
ရန်ကုန် – အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုသည်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ညွှန်ကြားချက်များကို မလိမ့်တပတ်လုပ်ထားသည့် အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး လိုအပ်လာပါက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဇူလိုင်လ ၃ရက်နေ့က ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက…