ပကဖ
-
သတင်း
စစ်ကိုင်းတွင် အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်
စစ်ကိုင်းမြို့ တော်လှန်ရေးတပ်စခန်းငယ်များကို စီးနင်းတိုက်ခိုက်သည့် အင်အား ၁၀၀ ခန့်ပါ တပ်က အနီးရှိ ဒေသခံတချို့ကို သတ်ဖြတ်ခဲ့သည်၊ အမျိုးသမီး ၂ ဦးကို ဖမ်းထားသည်ဟု သိရသည်။
-
သတင်း
မတ္တရာတွင် တော်လှန်ရေးသမားတစ်ဦး ပစ်သတ်ခံရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အင်အား ၉၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည့်စစ်တပ် ချုံခိုတိုက်ခိုက်ခံနေရစဉ် ဒေသခံတချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ဟု သိရသည်။
-
သတင်း
ထိုင်းနယ်စပ် ကော့သောင်းမြို့အနီးတွင် တိုက်ပွဲဖြစ်
တိုက်ပွဲအတွင်း စစ်သား ၅ ဦးသေ၊ ၅ ဦး ဒဏ်ရာရသည်ဟု တော်လှန်ရေးအဖွဲ့ဘက်က ပြောသည်။ တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ခေတ္တတိမ်းရှောင်ခဲ့ရသည်။
-
သတင်း
ဝန်းသို တော်လှန်ရေးအဖွဲ့စခန်း စီးနင်းခံရပြီး ၃ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့တွင် စစ်ကောင်စီလက်နက်ကိုင် ၈၀ ခန့်က တော်လှန်ရေးသမား ၇ ဦးရှိသည့် စခန်းကို ဝင်တိုက်ခဲ့သည်၊ စစ်တပ်က ဒေသတွင်း တိုက်ပွဲများတွင် လေတပ်အကူအညီ ယူနေရသည်။
-
သတင်း
ဝက်လက်တွင် စိတ်ကျန်းမာရေးမကောင်းသူ အပါအဝင် လေးဦး သတ်ဖြတ်ခံရ
စစ်ကိုင်း၊ ဝက်လက်မြို့နယ်တွင် ပစ်သတ်ခံရသည့် မသန်စွမ်း အရပ်သားတစ်ဦးကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများက PDF ခေါင်းဆောင်ဟု ရေးသားဖော်ပြထားသည်။



