အသတ်ခံရသူမှာ ယခုလ ၈ ရက်ကတည်းက ဖမ်းဆီးခံထားရသည့် အသက် ၂၄ အရွယ် ကိုဖိုးထောင်ဆိုသူဖြစ်ကာ ၎င်း၏ ရုပ်အလောင်းကို ယမန်နေ့တွင် မတ္တရာမြို့နယ် ကင်းရွာအနီး စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မတ္တရာမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲအတွင်း ဖမ်းမိသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်ကို စစ်တပ်က ခေါင်းဖြတ်ခဲ့ပြီး ခန္ဓာကိုယ်ကို မီးရှို့ခဲ့သလို “သွေးသောက်” ကတ် ဆွဲထားသော အသက် ၂၀ ကျော်ဝန်းကျင် လူငယ် ၃ ဦး၏ အလောင်းများ လမ်းပေါ် စွန့်ပစ်ခံရသည်။
ကွမ်းယာဆိုင်တွင် ရှိနေသူ ၃ ဦးထဲမှ သွေးသောက်အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ခဲ့သည်ဟု မန္တလေးမြို့ပြပြောက်ကျားတို့က ပြောသည်။
သွေးသောက်ဟု တံဆိပ်ကပ်ကာ အရပ်သား ၅ ဦးကို လှီးဖြတ်ဒဏ်ရာအများအပြားဖြင့် သတ်ဖြတ်သွားသူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ဖြစ်ကြောင်း နွားထိုးကြီး PDF ဘက်က ပြောသည်။
လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသူတို့မှာ အသက် ၃၀ အရွယ်များဖြစ်ပြီး အလောင်းများတွင် စစ်ကောင်စီ လက်ကိုင်တုတ်အဖွဲ့၏ သွေးသောက်တံဆိပ်ကို တွေ့ရသည်။