စစ်သင်တန်း
-
ရုပ်သံသတင်း
ဝန်ထမ်းတက္ကသိုလ်တွေမှာ စစ်ပညာသင်ကြားမှု ပြန်လည်သွတ်သွင်း၊ ရုရှားကလည်း ဝင်ကူမည်ဟုဆို
တစ်ကျော့ပြန်အာဏာသိမ်းမှုနဲ့အတူ ဇီးပင်ကြီးနဲ့ ဖောင်ကြီး သင်တန်းတွေကိုလည်း ၂၀၁၀ မတိုင်ခင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေလက်ထက်ကလို စစ်တပ်က ဝန်ထမ်းတွေကို ပြန်လည်ပုံစံသွင်းနေပါပြီ။ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်း စစ်မျက်နှာဖွင့်ထားရပြီး အင်အားပြုန်းတီးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ အရပ်ဘက်ဝန်ထမ်းတွေကို စစ်ပညာတွေ သင်ပေးနေပါတယ်။…
-
သတင်း
အရပ်သားများကို လေကြောင်းမှတိုက်ခိုက်ရာတွင် ဂျပန်စစ်ပညာသင် ဗိုလ်မှူးကြီးပါဝင်
ဂျပန်နိုင်ငံသည် ၂၀၁၅ မှစ၍ မြန်မာစစ်တပ်မှ ဗိုလ်လောင်းများနှင့် အရာရှိများကို စစ်သင်တန်းပေးခဲ့ရာ အာဏာသိမ်းပြီးနောက်တွင်လည်း ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦး ထပ်မံလက်ခံခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။
-
သတင်း
စစ်သင်တန်းဆင်းသူ ၄၀၀၀ ကျော် ရှိနေပြီဟု CNF ဆို
အာဏာရှင်ဆန့်ကျင်ရေးအတွက် NUG နှင့် ပူးပေါင်းလိုက်သည့် ပထမဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်သည့် CNF က ၎င်း၏ သင်တန်းဆင်းများ တိုက်ပွဲဝင်နေပြီဟု ပြောသည်
-
သတင်း
PDF အတွက် စစ်သင်တန်းပေးနေခြင်း မရှိဟု KNU တုံ့ပြန်
တပ်မဟာ ၁၊ ၆၊ ၇ တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အတွက် သင်တန်းပေးနေသည်ဟူသော စွပ်စွဲချက်ကို KNU က ပယ်ချလိုက်သည်
-
သတင်း
စစ်ကောင်စီကို ရင်ဆိုင်တိုက်ရန် CDM ဗိုလ်မှူးဦးစီးသည့် စစ်သင်တန်းဖွင့်
စစ်ကောင်စီ၏ ပြည်သူအပေါ်ရက်စက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြသည့် မြန်မာပြည်အနှံ့အပြားမှ အသက် ၂၀ နှင့် ၃၅ နှစ်ကြား လူငယ်အများအပြား တက်ရောက်နေသည်