အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဝန်ထမ်းတက္ကသိုလ်တွေမှာ စစ်ပညာသင်ကြားမှု ပြန်လည်သွတ်သွင်း၊ ရုရှားကလည်း ဝင်ကူမည်ဟုဆို

တစ်ကျော့ပြန်အာဏာသိမ်းမှုနဲ့အတူ ဇီးပင်ကြီးနဲ့ ဖောင်ကြီး သင်တန်းတွေကိုလည်း ၂၀၁၀ မတိုင်ခင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေလက်ထက်ကလို စစ်တပ်က ဝန်ထမ်းတွေကို ပြန်လည်ပုံစံသွင်းနေပါပြီ။ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်း စစ်မျက်နှာဖွင့်ထားရပြီး အင်အားပြုန်းတီးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ အရပ်ဘက်ဝန်ထမ်းတွေကို စစ်ပညာတွေ သင်ပေးနေပါတယ်။ ဒါ့အပြင် ဇီးပင်ကြီးနဲ့ ဖောင်ကြီးမှာ ရုရှားက သင်တန်းတွေ လာရောက်ပို့ချဖို့နဲ့ သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်ဖို့ကို ရုရှားဘက်က ကူညီဖို့အပြင် သင်တန်းမှာ ရုရှားဘာသာစကား သင်ကြားဖို့အထိ အစီအစဉ်ရှိတယ်လို့ ရာထူးဝန်အဖွဲ့ရဲ့ ညွှန်ချုပ်ဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးမြင့်ဆွေက ပြောပါတယ်။

သတင်း၊ တင်ဆက် – စထွန်းအောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button