စစ်ကိုင်း
-
သတင်း
ကနီမြို့မှ ဒေသခံ တစ်သောင်းကျော် တိမ်းရှောင်နေရ
ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စစ်တပ်နှင့် တိုက်ပွဲပြန်ဖြစ်နေ၍ စစ်ရှောင်ဦးရေမှာ တစ်သောင်းကျော်လာသည်
-
သတင်း
မြောင်မြို့နယ် ချောင်းဆင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာအနီး မြစ်ကမ်းဘေးရှိ ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်လုပ်တူမီးသေနတ်များ၊ ဂတ်စ်သေနတ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်
-
သတင်း
ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် ဒေသခံများ ထွက်ပြေးနေရ
စစ်ကားများ ဖြတ်သန်းသွားစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာ၊ မန်ကျည်းရုံဘုန်းကြီးကျောင်းတွင် စစ်တပ်က တပ်စွဲလိုက်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်
-
သတင်း
ကနီတွင် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို စစ်တပ်က ပစ်သတ်
ရွာအတွင်း တပ်စွဲထားခြင်းကို စိတ်ကျန်းမာရေးမကောင်းသူက ဆဲဆိုခဲ့သည်ဟု ဆိုကာ စစ်တပ်က နေအိမ်အတွင်း ဝင်ရောက်ကာ ပစ်သတ်ခဲ့သည်
-
သတင်း
ကနီမြို့မှ ကိုးတန်းကျောင်းသားအပါအဝင် ဒေသခံ ၁၄ ဦးကို စစ်တပ်က ဖမ်းဆီး
အသက် ၆၀ ကျော် အမျိုးသားတစ်ဦး၊ ကိုးတန်းကျောင်းသားတစ်ဦးအပါအဝင် အဖမ်းခံရသူ ၁၄ ဦးလုံးကို စစ်တပ်က အပြင်းအထန်ရိုက်နှက်ကာ မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ဒေသခံများက ပြောသည်