သပိတ်ကျင်း
-
သတင်း
ပျူစောထီးအလောင်း လာကောက်သည့် စစ်တပ်ကို မိုင်းထောင်စောင့်ကာ တိုက်ခိုက်
ပျူစောထီးအဖွဲ့ဝင် ပစ်သတ်ခံရပြီး နှစ်နာရီခန့်အကြာတွင် စစ်တပ်က ကားနှစ်စီးဖြင့် အလောင်းလာကောက်စဉ် အသင့်ထောင်ထားသည့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
-
သတင်း
သပိတ်ကျင်း ကျွန်းကြီးကုန်းရွာကို စီးနင်းသည့် တပ်က ရွာသား ၁ ဦးကို သတ်ဖြတ်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကျေးလက်ဒေသကို နံနက် ၃ နာရီတွင် ဝင်စီးသည့် စစ်တပ်က အများအပြားကို ဖမ်းဆီးကာ အမျိုးသား ၁ ဦးကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။
-
သတင်း
အရပ်သားကားကြောင့် စစ်ကားတစ်စီးကိုသာ မိုင်းခွဲခဲ့ရဟု တကောင်းမြို့ပကဖဆို
စစ်ကားများကြားတွင် ခရီးသည်တစ်ယာက် ရှိနေသဖြင့် စစ်ကားတစ်စီးကိုသာ တိုက်ခိုက်ခဲ့သည်၊ ဒဏ်ရာရ စစ်သားနှစ်ဦး ဆေးရုံတွင် သေဆုံးသည်ဟု တကောင်း ပကဖအဖွဲ့က ပြောသည်။
-
သတင်း
မန္တလေးမှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဆန္ဒပြမှုဖြင့် ထောင် ၃ နှစ်ချခံရ
တက်ကြွလှုပ်ရှားသူ အမတ်လောင်းတစ်ဦး ဖမ်းဆီးခံရပြီး ၇ လအကြာတွင် ထောင် ၃ နှစ်ချခံရပြီး မန္တလေးထောင်တွင်းတရားရုံးတွင် အကြမ်းဖက်ပုဒ်မ ၂ ခုကို ဆက်လက် အမှုရင်ဆိုင်နေရသည်။
-
သတင်း
သပိတ်ကျင်းတွင် အရာရှိကား မိုင်းဆွဲခံရ၊ စစ်သားများ ရောက်လာစဉ် ထပ်မံပေါက်ကွဲ
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ တိုက်ခိုက်မှုတွင် စစ်အရာရှိ ဒဏ်ရာရသွားသည်၊ မိုင်းရှင်းသော စစ်သားများ မိုင်းထိသဖြင့် ၁ဝ ဦးခန့် ထိခိုက်သွားနိုင်သည်ဟု PDF ဘက်က ခန့်မှန်းထားသည်။
