အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပျူစောထီးအလောင်း လာကောက်သည့် စစ်တပ်ကို မိုင်းထောင်စောင့်ကာ တိုက်ခိုက် 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်၏ အလောင်းကို စစ်တပ်က လာကောက်စဉ် အသင့်ထောင်ထားသည့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) က ဆိုသည်။

သပိတ်ကျင်းမြို့နယ် ဇရပ်အိုင်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ဦးကျော်ဌေးကို ယမန်နေ့ (ဇန်နဝါရီ ၃၁) တွင် ပစ်ခတ်ရှင်းလင်းပြီးနောက် စစ်တပ်အလာကို မိုင်းထောင်ကာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက ပြောသည်။​

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့သည်ဆိုသော ဦးကျော်ဌေးမှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ဟုတ်မဟုတ် သီးခြားအတည်မပြုနိုင်ပေ။

ပျူစောထီးအဖွဲ့ဝင် ပစ်သတ်ခံရပြီး နှစ်နာရီခန့်အကြာတွင် စစ်တပ်က ကားနှစ်စီးဖြင့် အလောင်းလာကောက်စဉ် အထက်ပါအတိုင်း တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

“ဒီကောင်တွေ အော်ဟစ်နေတာတွေ ဒီအတိုင်းကြားနေရတာ။ ပျူကောင်ရဲ့ သေနတ်ပါအောင် ယူခိုင်းတာတွေ၊ မိုင်းထိလို့ အော်ဟစ်နေတာတွေ အကုန်ကြားနေရတာ၊ မိုင်းလည်းဆွဲပြီးရော၊ ပါသမျှလက်နက်နဲ့ အကုန် ရမ်းပစ်တော့တာပဲ” ဟု ဗိုလ်လင်းယုန်အဖွဲ့ခေါင်းဆောင်က ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များက ရှေ့ထွက်မိုင်း သုံးလုံး၊ ခုနှစ်လုံးတွဲ ပဒေသာမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်တပ်ကလည်း အီနာဂါ ဗုံးသီးများ၊ ၆၀ မမ မော်တာကျည်များဖြင့် ရမ်းသမ်းပစ်ခတ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုများ လုပ်နေစဉ်မှာပင် မိုင်းထိ သေဆုံးသွားသည်ဟု ယူဆရသည့် စစ်သားအလောင်း သုံးလောင်းနှင့် ပစ်သတ်ခံရသည့် ပျူစောထီးအလောင်းတို့ကို တင်ကာ ကားတစ်စီး ပြန်ထွက်သွားသည်ကို တွေ့မြင်ရသည်ဟုလည်း အထက်ပါ ဗိုလ်လင်းယုန်အဖွဲ့ခေါင်းဆောင်က ပြောသည်။

မိနစ်ပိုင်းအကြာတွင် ကားလေးစီးဖြင့် စစ်သားများ ထပ်မံရောက်ရှိလာပြီး အော်ဟစ်ဆဲဆိုကာ လက်နက်ကြီးများဖြင့် ဝန်းကျင်တစ်ဝိုက်ကို ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

ဦးစွာပစ်ခတ်ရှင်းလင်းခံရသည့် ပျူစောထီးအဖွဲ့ဝင် အပါအဝင် မိုင်းထောင်တိုက်ခိုက်မှုကြောင့် စစ်သား ငါးဦး သေဆုံးလျက် သပိတ်ကျင်းဆေးရုံသို့ ရောက်ရှိခဲ့ပြီး၊ အခြား ၇ ဦး ဒဏ်ရာရရှိသည်ဟုလည်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

အဆိုပါ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button