ဖမ်းဆီးခံရသူများ
-
သတင်း
ရန်ကုန်၌ ဖမ်းဆီးခံရသည့် သတင်းထောက်ငါးဦး အမှုဖွင့်ခံရ
မြေပြင်တွင်ဖြစ်ပျက်နေသည့် ပကတိအခြေအနေများအား မှတ်တမ်းတင်နေသည့် Myanmar Now သတင်းထောက်အပါအဝင် ငါးဦးကို စစ်ကောင်စီက အမှုဖွင့်လိုက်ပြီး DVB သတင်းထောက်ကို နေအိမ်သို့ သွားရောက် ပစ်ခတ် ဖမ်းဆီးသွားသည်
-
သတင်း
လားရှိုးမှ ကချင်ဓမ္မဆရာများ အပါအဝင် ၁၀ ဦး အဖမ်းခံရ
ဆန္ဒပြမှု ဖြိုခွင်းခံရစဉ် လူအများအပြား ဝင်ရောက် တိမ်းရှောင်သည့် ကချင်နှစ်ခြင်းအသင်းတော်ဝင်းတံခါးကို ရဲတပ်ဖွဲ့က ကားဖြင့်တိုက်ကာ ၁၀ ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ဆိုသည်
-
သတင်း
သံပုံးတီးချိန်တွင် နေပြည်တော်ဝန်ထမ်းရပ်ကွက်မှ ၆ဦးကို ဝင်ဖမ်း
နေပြည်တော်မှ ဝန်ထမ်း ၄ ဦး၊ စားသောက်ဆိုင်ပိုင်ရှင် ၂ ဦးကို ဖမ်းသွားသည့် ရဲများက ဆိုင်မှ ဘီယာ၊ အရက်တို့ကို လုယူသွားသည်ဟု သိရသည်၊ ထိုသတင်းနှင့် ပတ်သက်ပြီး ရဲက တုန့်ပြန်ခြင်း မရှိသေးပေ
-
သတင်း
NLD နှင့် နီးစပ်သည့် ကျိုက်မရောမှ ၉ ဦးကို နယ်ခြားစောင့်တပ် ဖမ်းဆီး
အာဏာသိမ်းမှုအပြီး NLD ကို ပစ်မှတ်ထား နှိပ်ကွပ်နေချိန်တွင် မွန်ပြည်နယ်၊ ကျိုက်မရောဒေသခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပါတီဝင်တချို့ကို နယ်ခြားစောင့်တပ်က ဖမ်းခေါ်သွားသည်
-
သတင်း
တရားစွဲခံထားရသည့် မန်းတိုင်းအစိုးရအဖွဲ့နှင့် တွေ့ခွင့်ပေးရန် ရှေ့နေများ တောင်းဆို
မန္တလေးတိုင်းဝန်ကြီးချုပ်၊ မန္တလေးမြို့တော်ဝန်၊ တိုင်းအစိုးရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် အာဏာသိမ်းစစ်ကောင်စီက တရားစွဲထားသည်