အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ
-
သတင်း
ဝရမ်းပြေးဖြစ်နေသူ မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံတွင် ဖမ်းဆီးရမိ
နေပြည်တော်တွင် လွှတ်တော်အစည်းအဝေးများ မစတင်မီ 'တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးရန်' ဟူသော လှုပ်ရှားမှုပြုလုပ်ရန် ဦးဆောင်နေသူ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်
-
သတင်း
တပ်မတော်က တိုင်းပြည်ကိုကယ်တင်ရန်ဟူသော လှုပ်ရှားမှုပြုလုပ်ရန် စီစဉ်နေ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ဖွဲစည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းပြည်ကို ကယ်တင်ပေးရန်ဟူသော လူထုတွေ့ဆုံပွဲနှင့် အထိမ်းအမှတ်ကျောက်တိုင်စိုက်ပွဲ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်
-
သတင်း
မိုက်ကယ်ကျော်မြင့် ခွင့်ပြုချက်မဲ့ဆန္ဒပြမှုဖြင့် အမှုဖွင့်ခံရ
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ခေါင်းဆောင် မိုက်ကယ်ကျော်မြင့်ကို ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် အရေးယူထားသည်ဟု ကျောက်တံတားမြို့နယ် ရဲစခန်းကပြောသည်၊
-
သတင်း
တပ်ထောက်ခံပွဲ ဦးဆောင်သူ ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ခံရ
ရွေးကောက်ပွဲကော်မရှင် မဲလိမ်မဲခိုးသည်ဟု စွပ်စွဲပြီး ရန်ကုန်တွင် ဆန္ဒပြသူကို ကော်မရှင်က ထောင်ဒဏ်တစ်လ အများဆုံးချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်လိုက်သည်
-
သတင်း
တပ်မတော်ကို ထောက်ခံကြောင်းဆန္ဒပြပွဲအတွက် ၂၉ ဦးသာ ခွင့်ပြုခဲ့သည်ဟု ဆိုသည်
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီက ဦးဆောင်ကျင်းပခဲ့သည့် 'မျိုးချစ်တပ်မတော်' ကို ထောက်ခံကြောင်း ဆန္ဒပြပွဲတွင် အမှန်တကယ်ပါဝင်သူမှာ ခွင့်ပြုအရေအတွက်ထက် များပြားနေသည့် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်