ငွေလိမ်ဂိုဏ်း
-
ရုပ်သံသတင်း
ကျားဖြန့်ရုံတွေက ထွက်ပြေးလာသူတချို့ကို စစ်တပ်ဖမ်းဆီး
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ KK Park ကျားဖြန့်ငွေလိမ်ဂိုဏ်း အလုပ်ရုံတွေကနေ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံဘက်ကိုဖြတ်ဖို့ စောင့်ဆိုင်းနေသူတချို့ကို စစ်တပ်က မြဝတီမြို့အမှတ်(၁)တံတားအနီးမှာ မနေ့ည(အောက်တိုဘာ ၂၂) ၁၀နာရီကျော်လောက်က ဖမ်းဆီးသွားတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။