အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကျားဖြန့်ရုံတွေက ထွက်ပြေးလာသူတချို့ကို စစ်တပ်ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ KK Park ကျားဖြန့်ငွေလိမ်ဂိုဏ်း အလုပ်ရုံတွေကနေ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံဘက်ကိုဖြတ်ဖို့ စောင့်ဆိုင်းနေသူတချို့ကို စစ်တပ်က မြဝတီမြို့အမှတ်(၁)တံတားအနီးမှာ မနေ့ည(အောက်တိုဘာ ၂၂) ၁၀နာရီကျော်လောက်က ဖမ်းဆီးသွားတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။ 

စစ်တပ်က ဝင်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းကြောင့် မြန်မာနိုင်ငံသားတွေအပါအဝင် တရုတ်၊ ထိုင်းနဲ့ တခြားနိုင်ငံခြားသားတွေ လူထောင်ချီပြီး အောက်တိုဘာ ၂၂ရက် မနက်ပိုင်းက ကျားဖြန့်ရုံတွေကနေ စွန့်ခွာလာကြတာပါ။ 

တကယ်တော့ စောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်(BGF) က သူတို့ကို လုံခြုံရေးအကြောင်းပြပြီး နှင်ထုတ်ခဲ့တာပါ။ 

ထွက်ပြေးလာသူတွေရဲ့ နောက်ဆုံးအခြေအနေကို မြဝတီမြို့က ဒေသခံအမျိုးသမီး ပြောပြထားပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles