စုံစမ်းဖော်ထုတ်ရေးသားမှု
-
ပိတ်မိနေသောဒေါ်လာများထုတ်ယူရေး စစ်ကောင်စီက လျှို့ဝှက်ဘဏ်အကောင့်ဖွင့်
အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပြည်ပတွင် ပိတ်မိနေသည့် သန်းပေါင်းများစွာသော ဒေါ်လာငွေများထုတ်ယူနိုင်ရေး စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် “ကံ့ကော်” အမည်ဖြင့် လျှို့ဝှက်ဘဏ်အကောင့်များ ဖွင့်လှစ်ခိုင်းထားသည်။
-
ပြည်ခိုင်ဖြိုး ဝါဒဖြန့်ချိရာ နေရာဖြစ်လာသော ဓမ္မာရုံများ
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်အချို့သည် သာသနိကအဆောက်အအုံများကို ၎င်းတို့ပါတီ၏ ဝါဒဖြန့်ချိရေးနှင့် စုဝေးဟောပြောရာ နေရာများအဖြစ် အသုံးပြုနေသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မရှုမလှ ရှုံးနိမ့်ခဲ့ပြီးနောက် ခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်ခဲ့သည့်…
-
ခေတ်ပျက်သည့်တိုင် စီးပွားရေးသောင်းကျန်းနေသည့် ရန်ကုန်က ဂျပန်ဘုရား
ဂျပန်ဘုရားနှင့်အတူ နာမည်ကြီးလာသည့် အောင်ဇမ္ဗူတောရကျောင်း ဆရာတော်၏ သက်တော် ၆၀ ပြည့် မွေးနေ့အကြိုလှူဒါန်းပွဲကို အင်လျားကန်စောင်းရှိ Lotte ဟိုတယ်၌ တခမ်းတနား ပြုလုပ်ခဲ့ပြီး ပြင်ဦးလွင်မြို့တွင် ပြုလုပ်သော စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲသို့ ဆရာတော်က Rolls-Royce ကားကြီး စီးကာ ကြွရောက်လာသည်။
-
တရုတ်မြန်မာနယ်စပ် ဝ’ ဒေသမှ ငရဲခန်းများ
မှောင်အတိချထားသော အလုံပိတ်အခန်းထဲတွင် ပြစ်ဒဏ်ပေးခံထားရသည်၊ အချို့မှာ ပူပြင်းလှသည့် နေရောင်အောက်တွင် မုဆိုးဒူးထောက်ထိုင်ပုံဖြင့် နာရီနှင့်ချီ ထိုင်နေကြရပြီး အချို့မှာ နေပူကျဲကျဲအောက် ကွင်းပြင်တွင် အနည်းဆုံး တစ်နာရီ ပတ်ပြေးကြရသည်။
-
စစ်ယူနီဖောင်းဖြင့် လူလုံးထွက်ပြလာသည့် ခရိုနီသူဌေးကြီး
စစ်ကောင်စီနှင့် ပုလဲပနံအသင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ စီးပွားရေးတာဝန်ခံမှာ မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေသည်။


