လေ့လာသုံးသပ်ချက်
-
အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ထင်ရှားလာ
ရွေးကောက်ပွဲအကြောင်း ရုရှားသတင်းဌာနက မေးမြန်းစဉ် “ပြောဖို့စောသေးတယ်”၊ “အခြေအနေကြည့်ပြီးတော့မှ ဆုံးဖြတ်မှာဖြစ်ပါတယ်” ၊ “ကြိုပြီးဆုံးဖြတ်လို့ မရပါဘူး” စသည့်မရေ ရာသော စကားလုံးများဖြင့် မင်းအောင်လှိုင်က ဝေ့လည်ကြောင်ပတ် ဖြေဆိုခဲ့သည်။
-
ပူတင်ရှိခိုး ပြည်ပအားကိုး ပုဆိန်ရိုးခဲ့သော မင်းအောင်လှိုင်၏ ရုရှားခရီး
ဆန့်ကျင်သူများကို “ပြည်ပအားကိုပုဆိန်ရိုး” ဟု အပုပ်ချပြောဆိုလေ့ရှိသော စစ်ဗိုလ်စစ်သားများအနေဖြင့် ၎င်းတို့အကြီးအကဲကိုယ်တိုင် ပုဆိမ်ရိုးဖြစ်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီဖြစ်သည်။ မင်းအောင်လှိုင်၏ ဖော်လံဖား ပူတင်ချီးမွမ်းခန်းကို စစ်ကောင်စီထိန်းချုပ် မြန်မာ့အလင်းသတင်းစာကပင် ဆင်ဆာဖြတ်တောက်ခဲ့ရသည်။
-
အာဆီယံနှင့် NUG တွေ့ဆုံမှုများ ဖြစ်ပေါ်လာနိုင်
အာဆီယံက သက်ဆိုင်သူအားလုံး နှင့်တွေဆုံတော့မည်ဆိုသော သတင်းစကားကို NUG ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦးကကြိုဆိုလိုက်သည်။ ထို့ပြင်သူက စစ်ကောင်စီအား ဝန်ကြီးအဆင့်အစည်းအဝေးများသာမက အခြားဌာနဆိုင်ရာအရာရှိကြီးများအဆင့် အစည်းအဝေးအပါအဝင် အာဆီယံအစည်းအဝေးအားလုံးတွင် ပါဝင်မှုကိုရပ်တန့်ပြီး၊ စစ်ကောင်စီချုပ်ကိုင်ထားသော မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကပင် ဆိုင်းငံ့ထားသင့်သည်ဟု ဆိုသည်။
-
မင်းအောင်လှိုင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲဖို့ ခြေလှမ်းစနေပြီလား
တိုင်းပြည်စီးပွားရေး အလွန်အမင်းကျဆင်းနေချိန်၊ နိုင်ငံတော်ဘဏ္ဍာငွေ ချွေတာသုံးစွဲရန် အကြိမ်ကြိမ်ပြောကြားနေသော စစ်ခေါင်းဆောင်က ပျက်စီးချင်တိုင်းပျက်စီးကာ တောရိုင်းမြေဘဝရောက် ညောင်နှစ်ပင်ညီလာခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် ညွှန်ကြားသည်။
-
အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာ့အရေး ဖြေရှင်းမှု လမ်းချော်နေ
အာဆီယံ တူညီဆန္ဒ ၅ ချက်ကို လက်ရှိ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက လိုရာဆွဲ အဓိပ္ပာယ်ဖွင့်နေသလို စစ်ကောင်စီကလည်း အာဆီယံကို အသုံးချရန် ကြိုးစားနေသည်။