-
ရုပ်သံသတင်း
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကနီတွင် ကိုယ်ဝန်ဆောင်အပါအဝင် သုံးဦးဒဏ်ရာရ
ဇူလိုင်လ ၂၃၊ ၂၄ တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်သဖြင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျေးရွာအချို့တွင် နေအိမ်များပျက်စီးခဲ့ရသလို အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်နှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သည်။ ပစ်ခတ်မှုများနှင့်…
-
ရုပ်သံသတင်း
စစ်အာဏာသိမ်းပြီးနောက် စက်ရုံအလုပ်သမားများဘဝ ပိုမိုခက်ခဲလာ
စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း စက်ရုံအလုပ်ရုံများပိတ်သိမ်းမှုကြောင့် အလုပ်သမားအများအပြား အလုပ်လက်မဲ့ဖြစ်ကာ နစ်နာကြေးမရဘဲ အလုပ်နားခံလိုက်ရသူများ များစွာရှိနေပါသည်။ မပိတ်သိမ်းသေးသည့် စက်ရုံ၊အလုပ်ရုံများရှိ အလုပ်သမားများသည်လည်း စက်ရုံပိတ်တော့မည်ဆိုသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်နေရသလို လုပ်ငန်းခွင်အတွင်းတွင်လည်း အရင်ကထက် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရကာ အခက်အခဲများနှင့် ပိုမိုရင်ဆိုင်လာရကြောင်း အလုပ်သမားများကဆိုသည်။ သတင်းနှင့်ရိုက်ကူး…
-
ရုပ်သံသတင်း
“အာဏာရှင်စနစ်အမြစ်တွယ်နေသရွေ့ ပြည်သူလူထုဘဝလုံခြုံမှု မသေချာဘူး”
အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာနယ်မြေအချို့တွင် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ လက်ရှိတွင်လည်း KNU လက်အောက်ခံ တပ်မဟာ ၇ ခုအနက် ခြောက်ခုတွင် စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင်…
-
ရုပ်သံသတင်း
Music Zone နှင့် My Tel အရောင်းပြခန်းကို ဘယ်သူဗုံးခွဲတိုက်ခိုက်လဲ
မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဦး (UGRF) သည် ဇူလိုင်လသုံးရက် တစ်နေ့တည်းတွင် ပြည်ခိုင်ဖြိုးက အကျိုးအမြတ်ရရှိနေသည့် သင်္ဃန်းကျွန်းမြို့နယ်က Music Zone KTV၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်သည့် တာမွေမြို့နယ် Mytel အရောင်းပြခန်းတစ်ခုနှင့် ရွှေမန်းသူကားဂိတ်အပြင် ကမာရွတ်ရဲစခန်းကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့သည်။ စစ်အာဏာသိမ်းမှု…
-
သတင်း
စစ်ပွဲရှောင်လွှဲရန်ဆိုသော KIO ထုတ်ပြန်ချက် စစ်ကောင်စီနှင့် ဆွေးနွေးရန်မဟုတ်ဟုဆို
စစ်ကောင်စီဘက် ထိုးစစ်ဆင်လာပါက တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တာဝန်ရှိသူက ပြောသည်