အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကနီတွင် ကိုယ်ဝန်ဆောင်အပါအဝင် သုံးဦးဒဏ်ရာရ

ဇူလိုင်လ ၂၃၊ ၂၄ တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်သဖြင့်​ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျေးရွာအချို့တွင် နေအိမ်များပျက်စီးခဲ့ရသလို အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင်နှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သည်။

ပစ်ခတ်မှုများနှင့် ပတ်သက်၍ အသေးစိတ်အတည်မပြုနိုင်သလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ဇူလိုင် ၁၁ ကလည်း ကနီမြို့နယ်ရှိ ယင်းရွာတွင် စစ်ကောင်စီတပ်က ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ထားသည့် ဒေသခံ ၁၅ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည့် မှတ်တမ်းများ Myanmar Now က ရရှိဖော်ပြဖူးသည်။

[youtube https://youtu.be/ksLoymEiKkc]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles