
အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာနယ်မြေအချို့တွင် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ လက်ရှိတွင်လည်း KNU လက်အောက်ခံ တပ်မဟာ ၇ ခုအနက် ခြောက်ခုတွင် စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ်က စတင်လှုပ်ရှားပြီးနောက် ဩဂုတ် ၂၂ နှင့် ၂၃ ရက်နေ့များမှစ၍ တိုက်ပွဲများဖြစ်ပွားလာသည်။ KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာခရိုင်အတွင်း အခြေအနေများနှင့် ပတ်သက်၍ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
[youtube https://youtu.be/NeBHBGIEMAo]