-
သတင်း
မောင်တောတွင် အလောင်း ၁၀၀ ကျော်ကို မြှုပ်နှံပေးခဲ့ဟု AA ဆို၊ သံတွဲရေတပ်၌ တိုက်ပွဲဆက်ဖြစ်
ယခုလဆန်းမှ စ၍ ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းနိုင်ရန် ထိုးစစ်ဆင်နေရာ စစ်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များအပါအဝင် အလောင်း ၁၀၀ ကျော်ကို မြေမြှုပ်ပေးခဲ့ပြီး သုံံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခ တပ်တော် (AA) က ယမန်နေ့က ထုတ်ပြန်သည်။…
-
သတင်း
ကန့်ဘလူ ဦးကင်းကြည်ရွာကို စစ်တပ် မီးရှို့၊ အရပ်သား ၄ ဦးကို နှိပ်စက်သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးအပါအဝင်ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးလိုက်သည်။
-
ရုပ်သံသတင်း
သပိတ်ကျင်းသိမ်းပြီး ကျန်ဗျူဟာမြောက်မြို့များကို ဆက်သိမ်းမည်ဟု NUG ပြော
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို မနေ့ ဩဂုတ်လ ၂၅ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ကချင်ပြည်နယ်ရဲ့ အဓိကဝင်ပေါက်မြို့တွေဖြစ်တဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေဟာ…
-
သတင်း
သပိတ်ကျင်းမြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်
မန္တလေးမြို့နှင့် မိုင် ၈၀ ကျော် အကွာရှိ ရွှေတူးဖော်မှုဖြင့် နာမည်ကျော်သည့် သပိတ်ကျင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ (ဩဂုတ် ၂၅) တွင် သိမ်းပိုက်လိုက်သည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ…
-
သတင်း
မကွေးတိုင်းအတွင်းမှ သာကြီးတောင်နှင့် ပုထိုးလုံရေနံမြေများကို PDF များထိန်းချုပ်
နိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရေနံမြေနှင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်ရှိ ပုထိုးလုံရေနံမြေတို့ကို တော်လှန်ရေးတပ်များ သြဂုတ်လအတွင်းက ထိန်းချုပ်လိုက်ရာ စစ်ကောင်စီသည် ယခုနှစ်အတွင်း ကုန်းတွင်းရေနံထုတ်လုပ်သည့် နယ်မြေသုံးခုအထိ ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ တော်လှန်ရေးအဖွဲ့များသည် ဩဂုတ် ၂၀ ရက်နေ့တွင် သာကြီးတောင်ရေနံမြေတွင် တပ်စွဲထားသည့်…



