ယခုလဆန်းမှ စ၍ ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းနိုင်ရန် ထိုးစစ်ဆင်နေရာ စစ်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များအပါအဝင် အလောင်း ၁၀၀ ကျော်ကို မြေမြှုပ်ပေးခဲ့ပြီး သုံံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခ တပ်တော် (AA) က ယမန်နေ့က ထုတ်ပြန်သည်။
တိုက်ပွဲပြင်းထန်ခဲ့သည့်ရက်များတွင် သေဆုံးခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အပေါင်းအပါများအား ပြီးခဲ့ သည့် ဩဂုတ် ၂၄၊၂၅၊ ၂၆ ရက်တို့၌ ကောင်းမွန်စွာမြှုပ်နှံပေးခဲ့သည်ဟု AA ထုတ်ပြန်ချက်က ဆိုသည်။
သုံ့ပန်းအချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရ မိကြောင်း ဖော်ပြထားသည်။
မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ (ဖေဇီရွာ နှင့် မောင်နီရွာ) အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက် တပ်ဆင်ပေးထားသည့် မွတ်ဆလင်လက်နက်ကိုင်များ၊ အခြားသော မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေသည်ဟု AA ဘက်က ဆိုသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့များ၏ ခံစစ်နေရာ အများစုအား အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ ပြီး ဖြစ်သည်ဟု ပါရှိသည်။
လက်နက်ကိုင်ပြီး ထွက်ပြေးသွားသူများအား လိုက်လံချေမှုန်းလျက်ရှိပြီး လက်ကျန်ခံစစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို့၏ အခြားနေရာအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေဆဲဖြစ်သည်ဟု AA ထုတ်ပြန်ချက်က ဖော်ပြထားသည်။
AA ၏ ထိုးစစ်ကြောင့် မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့ကို စစ်ကောင်စီ လက်လွှတ်ရ လုနီးပါးဖြစ်နေရာ သြဂုတ် ၂၅ ရက်ညနေပိုင်းတွင် လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အပျက်အစီး၊ အထိအခိုက်အခြေအနေ မသိရ သေးပေ။
AA က မြို့နယ်အတွင်း စစ်ကောင်စီ တပ်စွဲထားသော နေရာအများအပြားကို သိမ်းပိုက်ထားသော်လည်း မြို့သူကြီး ရပ်ကွက်အနီးရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို မသိမ်းနိုင်သေးသဖြင့် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်ဟု ဒေသခံများကို ကိုးကား၍ သိရသည်။
ယခုလဆန်းက စတင်ခဲ့သော တိုက်ပွဲများအတွင်း မောင်တောမြို့မရဲစခန်း ဒုရဲမှူး၊ ရဲအုပ်နှင့်ရဲတပ်ဖွဲ့များ အပါ အဝင် ရဲ ၈ ဦး လက်နက်များနှင့်အတူ သြဂုတ်၂၃ တွင် လက်နက်ချအညံ့ခံလာသည်ဟု AA က သတင်းထုတ်ပြန်ထား သည်၊ သြဂုတ် ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးကိုလည်းဖမ်းဆီးရမိသည်ဟု ဆိုသည်။
“မောင်တောမြို့သည် အာရက္ခတပ်တော်၏အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့တစ်မြို့ဖြစ်လာတော့ မည်”ဟု AA က ကြွေးကြော်ထားသည်။
မောင်တောက ရိုဟင်ဂျာများ သတ်ဖြတ်ခံရမှု
ယခုလဆန်းက အွန်လိုင်းလူမှုကွန်ရက်တွင် ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် ထောင်နှင့်ချီသည် ရိုဟင် ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်ရန် နှစ်နိုင်ငံဖြတ်သန်းစီးဆင်းသည့် နတ်မြစ်ကို ဖြတ်ကူးနေပြီး ကလေး ငယ်များ၊ မြစ်ကမ်းဘေးတွင် ရုပ်အလောင်းများကိုလည်း တွေ့ရသည်။ AA ၏ တိုက်ခိုက်မှုခံရသည်ဟု လွတ်မြောက် လာသူများက ဆိုကြသည်။
ထို အဖြစ်အပျက်အတွက်ဝမ်းနည်းရကြောင်း AA ကသြဂုတ် ၇ တွင်ထုတ်ပြန်သည် သော််လည်း ၎င်းတို့၏ ပယောဂ မဟုတ်ဟု ပြန်လည်ငြင်းချက်ထုတ်ခဲ့သည်။ တစ်ဖက်တွင် စစ်ကောင်စီက ထိုအစုလိုက်အပြုံလိုက်သေဆုံးမှုမှာ AA ၏ လက်ချက်ဖြစ်သည်ဟု သြဂုတ် ၆ ရက်တွင် စွပ်စွဲထုတ်ပြန်ထားသည်။
ထို့နောက် မောင်တောမြို့ထဲမှပြည်သူများ အမြန်ဆုံးထွက်ခွာကြရန် ဇွန်လ ၁၆ ရက်ကတည်းက အသိပေးထားသည် ဟု AA ဘက်က ဩဂုတ် ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက် ထုတ်လာသည်။
သို့ရာတွင် မြို့ထဲ ပိတ်မိနေသူအများအပြားရှိနေပြီး ဩဂုတ် ၅ရက်နှင့် ၇ ရက်တို့တွင် ထွက်ပြေးလာသော ရိုဟင်ဂျာ မွတ်ဆလင်များ AA ၏ တိုက်ခိုက်ခံရမှုများ ရှိနေသည်ဟု လွတ်မြောက်လာသော ရိုဟင်ဂျာများက ပြောထားသည်။
AA က ၎င်းတို့၏ ထွက်ခွာရန်ထုတ်ပြန်ချက်တွင် လိုက်နာပြီး ထွက်ခွာသွားသူများရှိသလို မလိုက်နာဘဲ ဆက်နေထိုင် သူများရှိသည်ဟု ဆိုသည်။
၎င်းတို့ ထုတ်ပြန်ချက်အား မလိုက်နာဘဲ “ပေကပ် ပေကပ်နေထိုင်ကြသူများကို” အုပ်စုခွဲကြည့်ပါက စစ်ကောင်စီ၏ လက်ကိုင် တုတ်များ၊ စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင်မွတ်ဆလင်များ၊ ARSA ၊ RSO ၊ ARA အစရှိ သော အဖွဲ့အစည်းများ၊ အထက်ဖော်ပြပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်သော မိသားစုဝင်များ၊ ထိုအဖွဲ့အစည်းများမှ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် အတင်းအဓမ္မခေါ်ယူထားသော မောင်တောဒေသခံပြည်သူ လူထုများဟု AA ၏ ယခုလ ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၁၆၈ မိုင် ရှည်လျားသော မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်နိုင်ရေးတွင် အရေးပါသည့် မောင်တောမြို့သိမ်း နိုင်ရေးအတွက် ယခုနှစ် ဖေဖော်ဝါရီလဆန်းက ထိုးစစ်ဆင်နေရာ မောင်တောမြို့နယ်အတွင်း ဒေသအခြေအနေများ ရှုပ်ထွေးနေသည်။
လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights ၏ ယနေ့ ထုတ်ပြန်သော စုံစမ်းစစ်ဆေးမှုအသစ်အရ ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ထွက်ပြေးလာသည့် ရိုဟင်ဂျာအရပ်သားများ အသတ်ခံရမှုတွင် AA မှာ တာဝန်ရှိပြီး ထိုသူများ အပေါ် AA က ခွဲခြားဆက်ဆံမှုများရှိကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အခြေစိုက် AA က ရိုဟင်ဂျာအရပ်သားများအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ လူနည်းစု ရိုဟင်ဂျာမွတ်ဆလင်များကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့သည်ဆိုသည့် စွပ်စွဲ ချက်များနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ တစ်ဖြစ်လဲ မြန်မာစစ်တပ်သည် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးခံရသလို နိုင်ငံတကာတရားရုံး (ICJ) ထံတွင်လည်း တရားစွဲဆိုခံထားရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခြင်းခံရသောကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ တရားရုံး၌ သွားရောက်ဖြေရှင်းခဲ့ပြီး၊ လက်ရှိတွင် စစ်ကောင်စီက ဆက်လက်အမှုရင်ဆိုင်နေသည်။
၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ရှိ ရဲစခန်းများနှင့် စစ်တပ်စခန်းများ တိုက်ခိုက်ခံရမှုအပြီး ရိုဟင်ဂျာအများအပြား သတ်ဖြတ်ခံရကာ လူသိန်းချီ ဘဂ်လားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရမှု ယခုသီတင်းပတ်၌ ခုနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူ ရိုဟင်များသည် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပေ။
ယခုလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ ကူတူးပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်ကြသော ရိုဟင်ဂျာဒုက္ခသည်များက ၇ နှစ်ပြည့် နှစ်ပတ်လည် ကျင်းပခဲ့ကြပြီး မြန်မာနိုင်ငံကို ဘေးကင်းစွာပြန်နိုင်ရေး တောင်းဆိုခဲ့ကြသည်။
လက်ရှိတွင် AA သည် သံတွဲမြို့နယ်၏ လက်ကျန်တပ်စခန်းဖြစ်သော စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်စခန်းကို ဆက်တိုက်ခိုက်နေပြီး ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီး တိုက်ပွဲလည်း ပြင်းထန်နေကာ စစ်ကောင်စီက စစ်သင်္ဘောများပေါ်က အပြန်အလှန်ပစ်ခတ်မှုများပြုလုပ်နေသည်။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။