အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

သပိတ်ကျင်းသိမ်းပြီး ကျန်ဗျူဟာမြောက်မြို့များကို ဆက်သိမ်းမည်ဟု NUG ပြော

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို မနေ့ ဩဂုတ်လ ၂၅ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ကချင်ပြည်နယ်ရဲ့ အဓိကဝင်ပေါက်မြို့တွေဖြစ်တဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ရာမှာ အဓိကဝင်ပေါက်မြို့တွေဖြစ်ပြီး၊ မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်ပြည်နယ်အစပ်က မြို့တွေကို သိမ်းပိုက်နိုင်ပြီဆိုရင် စစ်ကိုင်းတိုင်းတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ လမ်းကြောင်းပွင့်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကတော့ ထိုးစစ်မဟာဗျူဟာအရ သတ်မှတ်ထားတဲ့ မြို့တွေကို ဆက်လက်ပြီးတော့ တိုက်ခိုက်၊ သိမ်းပိုက်သွားမှာ ဖြစ်တယ်လို့ Myanmar Now ကို ပြောပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles