-
သတင်း
ဂန့်ဂေါမြို့နယ်ထဲမှ ပုထိုးလုံရေနံမြေကို တော်လှန်ရေးတပ်များလက်ထဲမှ စစ်တပ်ပြန်သိမ်း
ဂန့်ဂေါမြို့နယ်၊ ပုထိုးလုံ ရေနံမြေအနီးတွင်လည်း စစ်ကောင်စီ၏ ကပစ-၂၃ စစ်လက်နက်ထုတ်စက်ရုံလည်းရှိနေပြီး နယ်မြေစိုးမိုးမှု ပြန် ယူလို၍ စစ်ကောင်စီတပ်က ရေနံမြေကို ပြန်လည်ရယူခဲ့သည်ဟု ယူဆရကြောင်း ဒေသကာကွယ် ရေးအဖွဲ့များက မှတ်ချက်ပြုထားသည်။
-
သတင်း
စစ်ကောင်စီက ထိန်းသိမ်းထားသော FMI ဥက္ကဋ္ဌ ဦးသိမ်းဝေ ရာထူးမှ အနားယူကြောင်း ကြေညာ
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသော ဦးသိမ်းဝေသည် ၎င်းရယူထားသည့် FMI ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌအဖြစ်မှ ယမန်နေ့ (ဩဂုတ် ၅) မှစတင်ပြီး အနားယူလိုက်ကြောင်း FMI ကုမ္ပဏီက ထုတ်ပြန်သည်။ ရိုးမဘဏ်လုပ်ငန်း၊ FMI အိမ်ရာ၊ သန်လျင်စတားစီးတီး အိမ်ရာစီမံကိန်းများ…
-
သတင်း
Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် အကျဉ်းချခံထားရတာ တစ်နှစ်ပြည့်ပြီ
၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းနောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုများကို ရခိုင်ပြည်နယ်၌ သွားရောက်သတင်းယူနေစဉ် ဖမ်းဆီးခံလိုက်ရသည့် Myanmar Now သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်အား စစ်ကောင်စီက ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းချထားသည်မှာ ယနေ့ (စက်တင်ဘာ ၆)တွင် တစ်နှစ်ပြည့်ပြီဖြစ်သည်။ …
-
သတင်း
ပြည်ပရောက်အလုပ်သမားတို့၏လွှဲငွေ အောက်စျေးနှင့် ရရန် စစ်ကောင်စီ ကြိုးပမ်း
ပြည်ပရောက်အလုပ်သမားများ စစ်တပ်ထိန်းချုပ်ထားသည့်ဘဏ်နှင့် ငွေလွှဲလမ်းကြောင်းများမှ လစာ ၂၅ ရာခိုင်နှုန်း ပြန်မလွှဲပါက နည်းမျိုးစုံဖြင့်အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာ ၆) နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်သည်။ အရေးယူမှုများမှာ နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးပေးခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံလက်မှတ် (OWIC)…
-
သတင်း
စစ်တပ်၏ တရုတ်ထုတ်ကင်းထောက်ဒရုန်း အရာတော်တွင် ပျက်ကျ
စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေတွင် စစ်တပ်၏ထောက်လှမ်းရေးဒရုန်း တစ်စီးပျက်ကျခဲ့သည်၊ ဒေါ်လာနှစ်သောင်းကျော် ပေါက်စျေးရှိပြီး ၈ နာရီ ပျံသန်းနိုင်သည့် ဒရုန်း ဖြစ်နိုင်သည်။



