-
သတင်း
ကလေးများကို အဓမ္မခိုင်းစေသည်ဆိုသော အလုပ်ရုံတွင် ဆူပူမှုဖြစ်ပြီး ရဲများဒဏ်ရာရရှိ
အလုပ်သမားတစ်ဦး တိုင်ကြားမှုကြောင့် အလုပ်ရှင်ကို ဆဲဆိုမှု၊ နာကျင်စေမှုတို့ဖြင့် ရဲစခန်းက ကနဦး အမှုဖွင့်ထားပြီး လိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်မှု၊ ကလေးသူငယ်ဥပဒေတို့ဖြင့် သက်ဆိုင်ရာဌာနများကလည်း အမှုဖွင့်မည်ဟု မြို့နယ်ရဲစခန်း တာဝန်ရှိသူက ဆိုသည်
-
ရုပ်သံသတင်း
အမျိုးသားရေးကြွေးကြော်သည့် ကိုယ်စားလှယ်လောင်းများအားလုံး ရွေးကောက်ပွဲတွင်အနိုင်မရ
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားရေးကြွေးကြော်ခဲ့သည့် ပုဂ္ဂိုလ်အများအပြား ရွေးကောက်ပွဲ ဝင်ခဲ့ကြရာ ပါတီအသီးသီးမှ အမျိုးသားရေးသမား ၂၀၀ ကျော် ရွေးကောက်ပွဲတွင် မရှုမလှရှံးနိမ့်ခဲ့ကြသည်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊…
-
သတင်း
အမျိုးသားရေးအရှိန်ဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူများ တစ်ဦးမျှ အနိုင်မရ
အမျိုးဘာသာ၊ သာသနာရေး ကြွေးကြော်သူများအဖြစ် အမည်ကျော်သည့် မိုက်ကယ်ကျော်မြင့်သည် တောင်ဒဂုံမြို့နယ်တွင် ၄၃၇ မဲ၊ ဒေါ်ခင်ဝိုင်းကြည်က ဒေါပုံမြို့နယ်တွင် မဲ ၅,၀၀၀ ကျော်သာ ရရှိခဲ့ပြီး NLD ကိုယ်စားလှယ်လောင်းများကို အသီးသီး ရှုံးနိမ့်ခဲ့သည်။
-
ရွေးကောက်ပွဲ
ပြည်ခိုင်ဖြိုးရှုံးသော မင်းကင်းမြို့နယ်တွင် NLD ပါတီဝင်များ ရန်ပြုခံရ
ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် နေအိမ်အတွင်း အောင်ပွဲခံနေသော NLD ပါတီဝင်များကို ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများက တုတ်ဓားများကိုင်ဆောင်ကာ ရမ်းကားသဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားရသည်
-
ရွေးကောက်ပွဲ
ပြည်ခိုင်ဖြိုးပါတီအမတ် မင်းကင်းမောင်မြင့် အပြတ်အသတ် ရှုံးနိမ့်
NLD ပါတီနှင့် NLD အစိုးရကို မကြာခဏ ဝေဖန်တိုက်ခိုက်လေ့ရှိသူ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်သည် ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့သူ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်