-
သတင်း
ကျောက်တော်မှစစ်ရှောင်စခန်း ၂ ခုကို စစ်တပ်က ဘုရားပေါ်မှ ပစ်ခတ်ဟုဆို
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ပစ်ခတ်မှုများကြောင့် စစ်ရှောင်စခန်းတွင် ခိုလှုံနေသူတို့ ပိုမိုလုံခြုံမည့် နေရာများသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။
-
သတင်း
ကျောက်တော်မှ ၇၅ နှစ်အရွယ် အမျိုးသမီး မိုင်းနင်းမိပြီး သေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ဟင်းရွက်ခူးစဉ် မိုင်းထိသေဆုံးသူ၏ရုပ်အလောင်းကို သင်္ဂြိုဟ်ရမည့် သုသာန်မှာ မိုင်းထောင်ထားသဖြင့် မြို့ပေါ်တွင် သင်္ဂြိုဟ်မည်ဟု သိရသည်။
-
သတင်း
ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီတပ် အင်အားဖြည့်နေ
နှစ်ဖက် စစ်ရေးတင်းမာနေချိန် စစ်တပ်က ရိက္ခာနှင့် လက်နက်ဟု ယူဆရသည့်အရာများကို AA လှုပ်ရှားနေသည့် မြောက်ပိုင်းသို့ ပို့ဆောင်နေသလို ခရီးသွားများကိုလည်း အစစ်ဆေးကြမ်းနေသည်ဟု ဒေသခံတို့က ဆိုသည်။
-
သတင်း
စစ်တပ်က ဘာသာရေးအဆောက်အအုံများ၌ အခြေချတပ်စွဲခြင်းကို ရခိုင်ဒေသခံများဝေဖန်
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့် မြို့နယ်များ၌ စစ်တပ်က သာသနိကအဆောက်အအုံများနှင့် ဘုရားပုထိုးစေတီများသာမက ဗလီများတွင်ပါ တပ်စွဲနေထိုင်သည်ဟု ဒေသခံများက ပြောသည်။
-
သတင်း
AA နှင့် တိုက်ပွဲဖြစ်သည့် ပလက်ဝတွင် စစ်တပ်က ညမထွက်ရအမိန့်ထုတ်
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် တိုက်ပွဲဖြစ်၊ ညမထွက်ရအမိန့် ထွက်လာပြီးနောက် ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာသည်။