-
ရုပ်သံသတင်း
ပြည်ခိုင်ဖြိုးပါတီက အလုံးအရင်းဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာတင်
ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၅၀ဦးထက်မနည်းကို ကန့်ကွက်သွားမည်ဟု ထုတ်ပြောထားသည့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဒီဇင်ဘာ ၂၃ မနက် ၁၁နာရီအထိ ကန့်ကွက်လွှာပေါင်း ၃၁မှုကို နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် လာတင်ခဲ့သည်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ…
-
ရွေးကောက်ပွဲ
ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ပိုင်ဆိုင်မှုစာရင်းပို့ရန် NLD ညွှန်ကြား
ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်
-
ရွေးကောက်ပွဲ
နေပြည်တော်၌ ရွေးကောက်ပွဲစရိတ် အသုံးအများဆုံးစာရင်းတွင် ပြည်ခိုင်ဖြိုးဦးဆောင်
အဓိကပါတီကြီးနှစ်ခုအနက် NLD ကိုယ်စားလှယ်လောင်းများက အလှူရှင်ငွေကို အဓိကထားသုံးစွဲပြီး ပြည်ခိုင်ဖြိုးက ပါတီစိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ထားသည့် ကုန်ကျစရိတ်ရှင်းတမ်းများက ဆိုသည်။
-
ရုပ်သံသတင်း
ငွေရလိုမှုတစ်ခုတည်းကြောင့် ရဲတပ်ဖွဲ့ကို တရားစွဲခြင်းမဟုတ်ဟု အောင်ကြီးပြော
တရားခံမဖော်ထုတ်နိုင်သေးသည့် နာမည်ကျော်ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံအဖြစ် အချုပ်သားဘဝဖြင့် ခြောက်လကြာ အမှုရင်ဆိုင်ခဲ့ရသည့် ကိုအောင်ကြီးသည် သူလွတ်မြောက်ပြီး တစ်နှစ်တိတိပြည့်သည့် ယနေ့ ဒီဇင်ဘာ ၁၈ တွင် တရားလိုအဖြစ် တရားရုံးရှေ့မှောက်သို့ ပြန်ရောက်လာခဲ့သည်။ ငွေကျပ် သိန်းငါးထောင်ရလိုမှုဖြင့် ရဲတပ်ဖွဲ့ကို တရားစွဲဆိုလိုက်သည့်…
-
ရုပ်သံသတင်း
လူမျက်နှာနှင့် ယာဉ်နံပါတ်ပါ မှတ်သားနိုင်မည့်လုံခြုံရေးစနစ် နေပြည်တော်တွင်စသုံးပြီ
နေပြည်တော်လုံခြုံရေးအတွက် ငွေကျပ် ၄ ဘီလျံကျော် အကုန်အကျခံကာ ဉာဏ်ရည်တုနည်းပညာ (AI) သုံး စောင့်ကြည့်ကင်မရာ(CCTV) ၃၃၅လုံး တပ်ဆင်ထားပြီး စောင့်ကြည့်နေမည့် ထိန်းချုပ်စင်တာကိုလည်း ဒီဇင်ဘာ ၁၄ရက်တွင် ဖွင့်လှစ်လိုက်သည်။ စောင့်ကြည့်ကင်မရာများသည် လူမျက်နှာနှင့် ယာဉ်နံပါတ်များကိုပါ မှတ်သားထားနိုင်မည်ဖြစ်ပြီး…