အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ငွေရလိုမှုတစ်ခုတည်းကြောင့် ရဲတပ်ဖွဲ့ကို တရားစွဲခြင်းမဟုတ်ဟု အောင်ကြီးပြော

တရားခံမဖော်ထုတ်နိုင်သေးသည့် နာမည်ကျော်ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံအဖြစ် အချုပ်သားဘဝဖြင့် ခြောက်လကြာ အမှုရင်ဆိုင်ခဲ့ရသည့် ကိုအောင်ကြီးသည် သူလွတ်မြောက်ပြီး တစ်နှစ်တိတိပြည့်သည့် ယနေ့ ဒီဇင်ဘာ ၁၈ တွင် တရားလိုအဖြစ် တရားရုံးရှေ့မှောက်သို့ ပြန်ရောက်လာခဲ့သည်။ ငွေကျပ် သိန်းငါးထောင်ရလိုမှုဖြင့် ရဲတပ်ဖွဲ့ကို တရားစွဲဆိုလိုက်သည့် ကိုအောင်ကြီးက ငွေရလိုမှုတစ်ခုတည်းဖြင့် တရားစွဲခြင်းမဟုတ်ဘဲ သူနှင့် သူ့မိသားစု၏ နစ်နာမှုနှင့် ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန် တရားရုံးပြန်လာခွင့်ရသည့်အပေါ် ဂုဏ်ယူကြောင်း Myanmar Now ကို ပြောသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now

[youtube https://youtu.be/7Oe-xR8XNzk]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles