
နေပြည်တော်လုံခြုံရေးအတွက် ငွေကျပ် ၄ ဘီလျံကျော် အကုန်အကျခံကာ ဉာဏ်ရည်တုနည်းပညာ (AI) သုံး စောင့်ကြည့်ကင်မရာ(CCTV) ၃၃၅လုံး တပ်ဆင်ထားပြီး စောင့်ကြည့်နေမည့် ထိန်းချုပ်စင်တာကိုလည်း ဒီဇင်ဘာ ၁၄ရက်တွင် ဖွင့်လှစ်လိုက်သည်။ စောင့်ကြည့်ကင်မရာများသည် လူမျက်နှာနှင့် ယာဉ်နံပါတ်များကိုပါ မှတ်သားထားနိုင်မည်ဖြစ်ပြီး ရဲတပ်ဖွဲ့က အလိုရှိနေသူများ နေပြည်တော်အတွင်း ဝင်ရောက်လာလျှင်ပင် သိရှိနိုင်မည်ဖြစ်သည်ဟု နေပြည်တော် Safe City စီမံကိန်း၏ အကြံပေးကော်မတီဥက္ကဋ္ဌက ပြောသည်။
သတင်းနှင့်ရိုက်ကူး – မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/5zomH94BzoU]