
ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၅၀ဦးထက်မနည်းကို ကန့်ကွက်သွားမည်ဟု ထုတ်ပြောထားသည့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဒီဇင်ဘာ ၂၃ မနက် ၁၁နာရီအထိ ကန့်ကွက်လွှာပေါင်း ၃၁မှုကို နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် လာတင်ခဲ့သည်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မဲဆန္ဒနယ်တချို့အတွက် ကန့်ကွက်လွှာလာတင်ခြင်းဖြစ်သည်ဟု ပြည်ခိုင်ဖြိုးဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ သုံးဖွဲ့က Myanmar Now ကို ပြောသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/UqUoWmYOd7g]