-
ရုပ်သံသတင်း
PDF တွေနဲ့အနီးဆုံးမှာ ရွေးကောက်ပွဲဝင်ပြိုင်ရမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးနှစ်ယောက်
ခုခံတော်လှန်မှုအားကောင်းပြီး တော်လှန်ရေးတပ်ဖွဲ့ PDF တွေ အနီးဆုံးရှိနေတဲ့ စစ်ကိုင်းနဲ့ မကွေးကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ယောက်ကို စစ်ခေါင်းဆောင်က ရွေးချယ်လိုက်ပါတယ်။
-
ရုပ်သံသတင်း
လုံခြုံရေးစိုးရိမ်ချက်ကြောင့် နေပြည်တော်ကနေပြိုင်မယ့် ကြံ့ခိုင်ရေးထိပ်သီးတွေ
အာဏာသိမ်းစစ်တပ်က အခုနှစ်ကုန်ပိုင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ထိပ်သီးခေါင်းဆောင်တချို့ဟာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် နေပြည်တော်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ ကာယကံရှင်တွေနဲ့ ပါတီနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
-
သတင်း
ရွှေကူမြို့နယ်ရှိ KIA စစ်သင်တန်းကျောင်း ဗုံးကြဲခံရပြီး ၂၀ ကျော် သေဆုံး
သင်တန်းဖွင့်ရန် ပြင်ဆင်နေချိန် လေကြောင်းမှ ဗုံးကြဲခံရ၍ သင်တန်းသား ၂၀ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်၊ သေဆုံးသူ ထပ်တိုးလာနိုင်သည်ဟု သိရသည်။
-
သတင်း
ဟုမ္မလင်းမြို့နယ်ရှိ NUG အချုပ်ခန်းမှ သုံ့ပန်း ၁၁ဦး ထွက်ပြေး၊ ၅ ဦးပြန်ဖမ်းမိ
စခန်းအချုပ်ခန်းအတွင်း ချုပ်နှောင်ထားသော သုံ့ပန်း ၁၁ ဦးသည် ထွက်ပြေးလွတ်မြောက်သွားရာ သုံးရက် အကြာတွင် ငါးဦး ပြန်ဖမ်းမိခဲ့သည်။
-
စုံစမ်းဖော်ထုတ်ရေးသားမှု
Facebook တွင် ပြန်လည်ခေါင်းထောင်လာသည့် စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေး
အာဏာသိမ်းဗိုလ်ချုပ်များက မြန်မာနိုင်ငံတွင် လူသုံးအများဆုံးသော အွန်လိုင်းလူမှုကွန်ရက် မီဒီယာဖြစ်သည့် Facebook တွင် အကောင့်အတုများဖွင့်ကာ အုပ်စုလိုက် မှတ်ချက်များ (ကွန်မန့်များ) ရေးသားစေပြီး၊ ၎င်းတို့၏ ဝါဒဖြန့် စစ်ဆင်ရေးကို စနစ်တကျ ဆောင်ရွက်နေသည်ဟူသော အထောက်အထားများကို Myanmar Now သတင်းဌာနက ရရှိထားသည်။…



