-
ရုပ်သံသတင်း
ပါတီပိုင်ငွေ သိန်း ၂သောင်းကျော် သားဖြစ်သူကို ဦးခင်ရီ ဘယ်လိုလက်သိပ်ထိုးပေးခဲ့လဲ
အခုနှစ်ကုန်ကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပြီးမှာ ဒုသမ္မတ ဒါမှမဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာဖို့ ရေပန်းစားနေသူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီဟာ ငွေကျပ်ဘီလျံနဲ့ချီတဲ့ ပါတီပိုင်ငွေကြေးတွေကို မိသားစုပိုင်စီးပွားရေးလုပ်ငန်းထဲ စီးဆင်းစေခဲ့တယ်လို့ Myanmar Now က စုံစမ်းသိရှိရပါတယ်။
-
ရုပ်သံသတင်း
“ရာဇဝတ်ကောင်တွေက နေပြည်တော်မှာထိုင်ပြီးတော့ တိုင်းပြည်ရဲ့ကံကြမ္မာကို ခြယ်လှယ်နေတဲ့ အနေအထားမျိုး”
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ချွေးနှဲစာငွေကြေးတွေကို ပစ်မှတ်ထား ခိုးယူနေတာကြောင့် ဒီအခြေအနေတွေကို အကာအကွယ်ပေးရေး ချက်ချင်းလုပ်ရမယ်လို့ နိုဝင်ဘာလ ၁၉ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာလုပ်ခဲ့တဲ့ မြန်မာ့အရေးကြားနာပွဲမှာ အမတ်တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေးအဖွဲ့(Scam Centre Strike Force)တစ်ခုကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း…
-
စုံစမ်းဖော်ထုတ်ရေးသားမှု
ကြံ့ခိုင်ရေးကိုဗဟိုပြုပြီး ကြီးထွားလာသည့် ဦးခင်ရီ၏စီးပွားရေးအင်ပါယာ
ငလျင်ကြောင့်ပြိုကျပျက်စီးခဲ့သည့် နေပြည်တော်ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ပြန်ပြင်ရန်ဆောက်လုပ်ရေးကုမ္ပဏီ ငှားရမ်းရေးအတွက် ပြီးခဲ့သည့်လများအတွင်းက ကြံ့ခိုင်ရေးခေါင်းဆောင်များအကြား ဆွေးနွေးခဲ့ကြပြီး သိန်းနှစ်သောင်းကျော်ကုန်ကျမည့် အကျိုးအမြတ် မြိုးမြိုးမြက်မြက်ရနိုင်သော အဆိုပါလုပ်ငန်းအတွက် ကန်ထရိုက်ရရန် မျက်စပစ်နေခဲ့ကြသူများလည်းရှိသည်။
-
ရုပ်သံသတင်း
အမေရိကန်နိုင်ငံသားရဟန်းကို ကားနဲ့တိုက်ဖမ်းပြီး၊ စစ်ကြောရေးမှာ ထိုးကြိတ်ရိုက်နှက်ခဲ့
အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေထိုင်ပြီး မြန်မာနိုင်ငံကို ခေတ္တပြန်ကြွသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဘဒ္ဒန္တပညာဇောတဟာ ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့မှာ ဖမ်းဆီးခံရပြီး၊ စစ်ကြောရေးမှာ ထိုးကြိတ်ရိုက်နှက်ခံခဲ့ရပါတယ်။
-
ရုပ်သံသတင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးမင်းအောင်လှိုင်ကို သမ္မတလွှဲပေးမယ့် ဟန်ပြရွေးကောက်ပွဲ
စစ်ခေါင်းဆောင်ရဲ့လူယုံ စစ်ဗိုလ်ချုပ်တွေနဲ့ သူ့ရဲ့ဩဇာခံ ဝန်ကြီးတွေဟာ စစ်တပ်ရဲ့လက်ကိုင်တုတ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။ သူတို့အားလုံး ရွေးကောက်ပွဲပြိုင်ဖို့ကို စစ်ခေါင်းဆောင်ကိုယ်တိုင် ရွေးချယ်တာဖြစ်တယ်လို့ Myanmar Now က စုံစမ်းသိရှိရပါတယ်။



