အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ရာဇဝတ်ကောင်တွေက နေပြည်တော်မှာထိုင်ပြီးတော့ တိုင်းပြည်ရဲ့ကံကြမ္မာကို ခြယ်လှယ်နေတဲ့ အနေအထားမျိုး”

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ချွေးနှဲစာငွေကြေးတွေကို ပစ်မှတ်ထား ခိုးယူနေတာကြောင့် ဒီအခြေအနေတွေကို အကာအကွယ်ပေးရေး ချက်ချင်းလုပ်ရမယ်လို့ နိုဝင်ဘာလ ၁၉ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာလုပ်ခဲ့တဲ့ မြန်မာ့အရေးကြားနာပွဲမှာ အမတ်တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေးအဖွဲ့(Scam Centre Strike Force)တစ်ခုကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံက ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အခုရက်ပိုင်းအတွင်း စစ်တပ်က တက်သုတ်ရိုက် ရှင်းလင်းနေပါတယ်။ 

အခုလိုမျိုး စစ်တပ်ရဲ့ အလျင်အမြန်ရှင်းလင်းမှုတွေက ငွေလိမ်လုပ်ငန်းတွေရဲ့ သက်သေအထောက်အထားတွေကို ဖျောက်ဖျက်နေတာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ 

ဒီအခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ရာဇဝတ်မှုကိုအခြေခံတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ရိုက်ဆက်စပ်နေသလို၊ ဒီလုပ်ငန်းတွေကရတဲ့ ငွေတွေနဲ့ ပြည်သူကိုသတ်ဖြတ်နေတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်ရှိမှာ ဩစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်ဇင်မာအောင်ဟာ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို မြန်မာအသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံမှုတွေ ဆက်တိုက်လုပ်နေပါတယ်။ ဩစတြေးလျနိုင်ငံရောက် ဝန်ကြီးဒေါ်ဇင်မာအောင် ကို Myanmar Now က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ 

ရိုက်ကူး – ကိုချို၊ မေးမြန်း – စထွန်းအောင် 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button