-
ရုပ်သံသတင်း
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် မိသားစုဝင်နေအိမ်များကို လူရမ်းကားများ တိုက်ခိုက်
စစ်ကောင်စီက သေဒဏ်စီရင်ခဲ့သည့် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်၏ မိသားစုဝင်များ နေထိုင်ရာ နေအိမ်များကို လူဦးရေ ၅၀ခန့်ရှိသည့် လူရမ်းကားအုပ်စုတစ်စုက ယနေ့(ဇူလိုင် ၂၇) မွန်းလွဲပိုင်းတွင် အော်ဟစ်ကြိမ်းမောင်းကာ နေအိမ်တိုက်ခန်းများကို ခဲလုံးအပြင် လောက်လေးခွနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက တိုက်ရိုက်ကွပ်ကဲစီစဉ်သည်ဟု…
-
ရုပ်သံသတင်း
ကိုဇေယျာသော်နှင့် မိခင် နောက်ဆုံးတွေ့ခွင့်ရချိန် မိနစ် ၂၀
“နောက်လည်း ဆက်တွေ့ရမယ်လို့ မျှော်လင့်ပြီးတော့ သားအမိနှစ်ယောက် ပျော်နေကြတာ သားရဲ့…..” – ကိုဇေယျာသော်၏မိခင် ပြီးခဲ့သည့် သောကြာနေ့က သားဖြစ်သူနှင့် မိနစ် ၂၀တိတိ တွေ့ခွင့်ရချိန် လိမ္မော်ရောင် တီရှပ်အင်္ကျီဝတ်ဆင်ထားသော သားဖြစ်သူနှင့် အပြန်အလှန် ပြောဆိုဖြစ်ခဲ့သည့် အကြောင်းအရာများကို…
-
ရုပ်သံသတင်း
“စစ်တပ်အမည်ခံပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းကြီးလားလို့” ဒုဗိုလ်ဟိန်းထက်ဇော်
အာဏာသိမ်းပြီး ၂ လကျော်အကြာတွင် CDM ဝင်လာခဲ့သည့် ဒုဗိုလ်ဟိန်းထက်ဇော်သည် PDF တပ်ဖွဲ့ဝင်များကို စစ်ပညာသင်ပေးခဲ့သည့် နည်းပြတစ်ဦးဖြစ်သလို လက်ရှိတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကွပ်ကဲမှုအောက်ရှိ နဂါးနီစစ်ကြောင်းတွင် တပ်ခွဲမှူးအဖြစ် တာဝန်ယူထားပြီး စစ်ကောင်စီကို ပြန်တိုက်လျက်ရှိသည်။…
-
ရုပ်သံသတင်း
ဥကရစ်ထစခန်းကို စစ်ကောင်စီက ဘာကြောင့် အသည်းအသန် ကာကွယ်နေလဲ
“ဒီစခန်းလေးတောင် ရအောင်မတိုက်နိုင်မှတော့ တစ်နိုင်ငံလုံးသိမ်းဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုတဲ့ အယူအဆကို သူတို့ရဲ့ စစ်သည်တွေကြားထဲမှာ ထည့်ချင်တယ်။ အဓိကတော့ သူတို့တပ်ကလူတွေကို စည်းရုံးဖို့အတွက် တိုက်တာပဲ” – ဗိုလ်ကြီး ဇေသူအောင် ရုရှားထုတ် တိုက်ခိုက်ရေးလေယာဉ်တွေဖြစ်တဲ့ Mig-29နဲ့ Yak-130 တို့အပြင်…
-
သတင်း
ဥကရစ်ထစခန်း လက်မလွှတ်ရရေး စစ်တပ်က ဒေါ်လာသန်းချီအကုန်ခံ ဗုံးကြဲခဲ့
လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၂၅ ခန့်ရှိပြီး အမေရိကန်ဒေါ်လာ သန်းချီကုန်ကျကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသူ လေတပ်ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။