ရုပ်သံသတင်း

ကိုဇေယျာသော်နှင့် မိခင် နောက်ဆုံးတွေ့ခွင့်ရချိန် မိနစ် ၂၀

“နောက်လည်း ဆက်တွေ့ရမယ်လို့ မျှော်လင့်ပြီးတော့ သားအမိနှစ်ယောက် ပျော်နေကြတာ သားရဲ့…..” – ကိုဇေယျာသော်၏မိခင်

ပြီးခဲ့သည့် သောကြာနေ့က သားဖြစ်သူနှင့် မိနစ် ၂၀တိတိ တွေ့ခွင့်ရချိန် လိမ္မော်ရောင် တီရှပ်အင်္ကျီဝတ်ဆင်ထားသော သားဖြစ်သူနှင့် အပြန်အလှန် ပြောဆိုဖြစ်ခဲ့သည့် အကြောင်းအရာများကို ဦးဖြိုးဇေယျာသော်၏ မိခင်ဖြစ်သူ ဒေါက်တာခင်ဝင်းမေက ပြောပြထားသည်။

ဇူလိုင် ၂၂ ညနေ ၆ခွဲအချိန်တွေ့ဆုံမှုသည် နောက်ဆုံးအကြိမ် ဖြစ်လိမ့်မည်ဟု အသက် ၇၆နှစ်အရွယ် မိခင်နှင့် သားဖြစ်သူတို့ မျှော်လင့်မထားခဲ့ကြပေ။ သို့သော် ထင်ရှားသည့်နိုင်ငံရေးသမား ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက နောက်ရက်တွင် တိတ်တဆိတ် ကြိုးပေး ကွပ်မျက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/vv_ye4lp-dk]

Show More

Related Articles

Back to top button